Tag Archives: woman

Sharmeen-Obaid-Chinoy

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆု ပါကစ္စတန် အမျိုးသမီး ဒါရိုက်တာ ရရှိ

ပြီးခဲ့တဲ့ အော်စကာ (Oscar) ရုပ်ရှင်ဆုပေးပွဲမှာ ပါကစ္စတန် (Pakistan) အမျိုးသမီး ဒါရိုက်တာ ရှမီးမ်အိုဘေ့ချိနွိုင် (Sharmeen Obaid-Chinoy) က အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် ရရှိတဲ့ အော်စကာဆုဖြစ်ပြီး ပါကစ္စတန် အမျိုးသမီးတစ်ဦးအနေနဲ့ အော်စကာဆု (၂) ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။   အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရှမီးမ်ဟာ ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း လူသိများသူပါ။ သူမဟာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံရပုံကို နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်သူအဖြစ် လူသိများပါတယ်။ (၂၀၁၆) ခုနှစ် အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကိုတော့ သူမ ရိုက်ကူးခဲ့တဲ့ “A

Fatima-Omar-Egypt

နိုင်ငံဂုဏ်ဆောင် အားကစားမယ် အီဂျစ်နိုင်ငံသူ ဖာသီမာအိုမာရ်

ဒူဘိုင်းမြို့ (Dubai) မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲ (World Weightlifting Championship) မှာ အီဂျစ် (Egypt) နိုင်ငံသူ ဖာသီမာအိုမာရ် () ဦးဆောင်တဲ့ အဖွဲ့က ရွှေတံဆိပ် ရရှိသွားကြောင်း သိရှိရပါတယ်။ အိုမာရ်ဟာ (၆၁) ကီလိုတန်းမှာ စံချိန်တင် (၁၃၅) ဒဿမ (၅) မှတ်နဲ့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ။ ယခုနှစ်အတွက် နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။   အသက် (၄၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီး ဖာသီမာအိုမာရ်ဟာ (၁၉၉၇) ခုနှစ်ကတည်းက ပညာရေးကို

Amani Al-Khatahtbeh

CNN သတင်းဌာနမှ ချီးမွမ်းတင်ပြသော စွန့်ဦးတီထွင် စီးပွါးရေးလုပ်ငန်းရှင် မွတ်စလင် အမျိုးသမီးငယ်

နိုင်ငံတကာ သတင်းဌာနများတွင် ထူးခြားသစ်လွင် ကောင်းမွန်သော မွတ်စလင် သတင်းများ ပါဝင်ဖော်ပြမှု နည်းပါးခြင်း၊ အထူးသဖြင့် လူမှုရေး၊ စီးပွါးရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် မွတ်စလင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍအား ထိန်ချန်ထားရှိခြင်းများကြောင့် အသက် (၂၃) နှစ်အရွယ် မွတ်စလင် အမျိုးသမီးငယ် အမာနီ အလ်-ခါတာဘာ (Amani Al-Khatahtbeh) မှ ဦးဆောင်ကာ MuslimGirl.net အမည်ရှိ လွတ်လပ်သော အင်တာနက် သတင်းဌာနတစ်ခုအား တည်ထောင်လိုက်ကြောင်း သိရှိရသည်။   အမာနီနှင့် သူမ၏ မိတ်ဆွေ (၇) ဦး အပါအဝင် အလွတ်တန်း သတင်းသမား (၃၀) ကျော်ပါဝင်သော MuslimGirl.net အင်တာနက် သတင်းဌာနမှာ လူအများ၏ စိတ်ဝင်စားမှုအား တစ်ဟုန်းထိုး ရရှိလာခဲ့သလို

bangla_peace_keeping

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော ပထမဆုံး ကုလ ငြိမ်းချမ်းရေးတပ်

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) မှ အမျိုးသမီး (၁၆၀) ခန့်ပါဝင်သော ကုလသမဂ္ဂအဖွဲ့ (United Nations) မှ ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးတပ်မှာ အမျိုးသမီးများသာ ပါဝင်သော ပထမဆုံး ငြိမ်းချမ်းရေးတပ်အဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။ ထိုငြိမ်းချမ်းရေးတပ်အား ဟေတီနိုင်ငံ (Haiti) အတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အလို့ငှါ ရည်ရွယ် တာဝန်ပေး စေလွှတ်ခဲ့ခြင်း ဖြစ်သည်။       ငြိမ်းချမ်းရေးတပ်အတွင်း ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးမှ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အထင်အမြင်သေးမှုတို့ ပပျောက်ကာ အများနည်းတူ ရင်ဘောင်တန်းနိုင်ကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဆိုသည်။   အခြားတပ်ဖွဲ့ဝင် အမျိုးသမီးမှလည်း သူမ၏ ဆုံးဖြတ်ချက်အပေါ် ခင်ပွန်းဖြစ်သူက

Saudi-Arabia-Kingdom-Tower-01

ဆော်ဒီတော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရ

ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) ၏ တော်ဝင်မင်းသမီး တစ်ဦးဖြစ်သူ Reem Bint Mansour Al-Saud အား သူမ၏ လူသားချင်း စာနာကူညီမှု လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ (United Nations) မှ အထူးသံတမန်အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဤသို့ ခန့်အပ်ခံရခြင်းကြောင့် Reem Bint Mansour Al-Saud မှာ ပထမဆုံး ဆော်ဒီ တော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။   Reem Bint Mansour Al-Saud မှာ အရှေ့အလယ်ပိုင်း အထူးပြုဘာသာရပ်ဖြင့် အင်္ဂလန်နိုင်ငံ (England) အောက်စ်ဖို့ဒ်တက္ကသိုလ် (Oxford University) မှ ဒေါက်တာဘွဲ့ရရှိထားသူ ဖြစ်သည်။ သူမ၏ ကျိုးပမ်းဆောင်ရွက်မှုအတွက် ကုလသမဂ္ဂမှ ပေးအပ်ချီးမြှင့်သော