Tag Archives: Pakistan

Sharmeen-Obaid-Chinoy

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆု ပါကစ္စတန် အမျိုးသမီး ဒါရိုက်တာ ရရှိ

ပြီးခဲ့တဲ့ အော်စကာ (Oscar) ရုပ်ရှင်ဆုပေးပွဲမှာ ပါကစ္စတန် (Pakistan) အမျိုးသမီး ဒါရိုက်တာ ရှမီးမ်အိုဘေ့ချိနွိုင် (Sharmeen Obaid-Chinoy) က အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် ရရှိတဲ့ အော်စကာဆုဖြစ်ပြီး ပါကစ္စတန် အမျိုးသမီးတစ်ဦးအနေနဲ့ အော်စကာဆု (၂) ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။   အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရှမီးမ်ဟာ ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း လူသိများသူပါ။ သူမဟာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံရပုံကို နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်သူအဖြစ် လူသိများပါတယ်။ (၂၀၁၆) ခုနှစ် အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကိုတော့ သူမ ရိုက်ကူးခဲ့တဲ့ “A

pakistan-team-ict

အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ ပါကစ္စတန်အဖွဲ့ ရွှေတံဆိပ် (၃) ခု ဆွတ်ခူး

သီရိလင်္ကာနိုင်ငံ (Sri Lanka) ကိုလံဘိုမြို့ (Colombo) မှာ ကျင်းပနေတဲ့ အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ (Asia Pacific ICT Alliance, APICTA 2015) မှာ ပါကစ္စတန်နိုင်ငံ (Pakistan) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ထဲက ရွှေတံဆိပ် (၃) ခုနဲ့ ငွေတံဆိပ် (၁) ခု ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါတယ်။ အဆိုပါပြိုင်ပွဲကို သီရိလင်္ကာ ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတကာက သတင်းအချက်အလက် နည်းပညာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါတယ်။   နိုင်ငံပေါင်း (၁၇) နိုင်ငံပါဝင် ယှဉ်ပြိုင်ကြတဲ့ အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ (APICTA) ဟာ ဒေသတွင်း ICT အော်စကာဆုလို့ တင်စား

Shahid Afridi

ပါကစ္စတန် ခရစ်ကက် အကျော်အမော် Shahid Afridi အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာပါဝင်

ပါကစ္စတန်နိုင်ငံ (Pakistan) က ခရစ်ကက် (Cricket) အားကစား အကျော်အမော် Shahid Afridi ဟာ အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာ ပါဝင်ကြောင်း သိရှိရပါတယ်။ DoSomething လို့ အမည်ရတဲ့ လူမှုရေးကူညီမှုအဖွဲ့က ပြုလုပ်တဲ့ စစ်တမ်းမှာ Shahid Afridi ရဲ့ ဖောင်ဒေးရှင်းက ထိပ်တန်း အဖွဲ့အစည်း (၂၀) အတွင်း ပါဝင်ခဲ့ပါတယ်။   Shahid Afridi ရဲ့ ဖောင်ဒေးရှင်းဟာ ပါကစ္စတန်နိုင်ငံအတွင်း ဆေးရုံ၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။    သူ့ရဲ့ ဖောင်ဒေးရှင်းကို စတင်ကတည်းက ပြည်တွင်းမှာ လိုအပ်တာတွေကို အဓိကထားဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုလည်း သူ့ရဲ့ ဖောင်ဒေးရှင်းက

pakistan human flag

အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒပညာရပ် ပြိုင်ပွဲအား ပါကစ္စတန်၌ ကျင်းပမည်

(၂၀၁၆) ခုနှစ်အတွင်း ကျင်းပဖွယ်ရှိသော (၄၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒပညာရပ် ပြိုင်ပွဲအား ပါကစ္စတန်နိုင်ငံ (Pakistan) ကရာချီမြို့ (Karachi) မှ အိမ်ရှင်အဖြစ် ဦးဆောင်တာဝန်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ ကရာချီ တက္ကသိုလ် မှပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ယခုကဲ့သို့ အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။   ဤပြိုင်ပွဲအား နိုင်ငံပေါင်း (၇၅) နိုင်ငံမှ တက်သစ်စ လူငယ်ဓာတုဗေဒပညာရှင် (၃၀၀) နှင့် အတွေ့အကြုံရှိပြီးသူ (၁၅၀) ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ (၂၀၁၆) ခုနှစ် ဇူလိုင်လ (၂၀) မှ (၂၉) ရက်နေ့အထိ ကျင်းပမည်ဟု ဆိုသည်။ ဤပြိုင်ပွဲအား ပါကစ္စတန်နိုင်ငံ အဆင့်မြင့် ပညာဦးစီးဌာနနှင့် ကရာချီ တက္ကသိုလ် ဓာတုဗေဒနှင့်

Zamir-Akram-Pakistan-01

ရိုဟင်ဂျာအရေး အထူးစိုးရိမ်ကြောင်း အိုအိုင်စီကိုယ်စား ကုလဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး ပြောကြား

    ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း တနင်္လာနေ့က ဂျနီဗာမြို့ (Geneva) မှာ ကျင်းပတဲ့ ကုလသမဂ္ဂ (United Nations) လူ့အခွင့်အရေး ညီလာခံအတွင်း အိုအိုင်စီအဖွဲ့ (OIC) က ပြောပါတယ်။     “ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ပြဿနာကို ရေရှည်အဖြေရှာဖို့ လိုအပ်ကြောင်း” ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် (Pakistan) သံအမတ်ကြီး Zamir Akram ကလည်း OIC အဖွဲ့ကိုယ်စား လူ့အခွင့်အရေး ညီလာခံမှာ ထည့်သွင်း ပြောကြားသွားပါတယ်။     “ရခိုင်ပြည်နယ်အတွင်းနဲ့ မြန်မာနိုင်ငံအတွင်းက တခြားဒေသတွေမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ ကိစ္စကို