Tag Archives: film

Sharmeen-Obaid-Chinoy

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆု ပါကစ္စတန် အမျိုးသမီး ဒါရိုက်တာ ရရှိ

ပြီးခဲ့တဲ့ အော်စကာ (Oscar) ရုပ်ရှင်ဆုပေးပွဲမှာ ပါကစ္စတန် (Pakistan) အမျိုးသမီး ဒါရိုက်တာ ရှမီးမ်အိုဘေ့ချိနွိုင် (Sharmeen Obaid-Chinoy) က အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် ရရှိတဲ့ အော်စကာဆုဖြစ်ပြီး ပါကစ္စတန် အမျိုးသမီးတစ်ဦးအနေနဲ့ အော်စကာဆု (၂) ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။   အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရှမီးမ်ဟာ ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း လူသိများသူပါ။ သူမဟာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံရပုံကို နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်သူအဖြစ် လူသိများပါတယ်။ (၂၀၁၆) ခုနှစ် အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကိုတော့ သူမ ရိုက်ကူးခဲ့တဲ့ “A

Salman Khan (actor)

Forbes ၏ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်စာရင်း ဘောလိဝုဒ်မင်းသား (၃) ဦးပါဝင်

Forbes စီးပွါးရေး မဂ္ဂဇင်း၏ (၂၀၁၅) ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင်စာရင်း၌ ဘောလိဝုဒ် (Bollywood) မင်းသားများ ပါဝင်လာကြောင်း သိရှိရသည်။ Salman Khan နှင့် Amitabh Bachchan တို့မှာ (၂၀၁၅) ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ရုပ်ရှင်သရုပ်ဆောင် စာရင်း၌ နံပတ်စဉ် (၇) တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ (၄၅.၄) သန်းနှင့် ပူးတွဲရှိနေပြီး သူတို့ (၂) ဦး၏ နောက်၌ Akshay Kumar က ဝင်ငွေ ကန်ဒေါ်လာ (၄၄) သန်းဖြင့် အဆင့် (၈) နေရာတွင် ရှိသည်။     ယခုနှစ်ဆန်းပိုင်းက ထုတ်ပြန်ခဲ့သော Forbes မဂ္ဂဇင်း၏ ထင်ပေါ်ကျော်ကြားသူ (၁၀၀) စာရင်း၌

Steven Spielberg

ဟောလိဝုဒ် နာမည်ကြီး ဒါရိုက်တာ စပီလ်ဘာ့ဂ် လူမျိုးတုန်းသုတ်သင်မှု သုတေသနစင်တာ ဖွင့်လှစ်

ဟောလိဝုဒ်ရဲ့  ထိပ်တန်း နာမည်ကြီး ဒါရိုက်တာတစ်ဦးဖြစ်သူ စတီဗင် စပီလ်ဘာ့ဂ် (Steven Spielberg) က လူမျိုးတုန်း သုတ်သင်မှုတွေကို သုတေသနပြုလုပ်ဖို့ “Center for Advanced Genocide Research” အမည်ရှိ စင်တာတစ်ခုကို မတည် ဖွင့်လှစ်လိုက်ကြောင်း သိရှိရပါတယ်။ စပီလ်ဘာ့ဂ်နဲ့ အတူ University of Southern California တက္ကသိုလ်ကလည်း သုတေသနစင်တာကို ပူးပေါင်းမတည် တာဝန်ယူ တည်ထောင်မှာ ဖြစ်ပါတယ်။   သုတေသနစင်တာရဲ့  အဓိက ရည်ရွယ်ချက်ကတော့ လူမျိုးတုန်း သုတ်သင်မှုတွေ ဖြစ်ပွါးဖို့ ဘယ်လိုအကြောင်းအရာတွေက လှုံ့ဆော်ခဲ့ပြီး သတ်ဖြတ်မှုတွေ မကြုံတွေ့အောင် ဘယ်လိုမျိုး ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်မလဲ ဆိုတာကို အဓိကထားပြီး ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။   လွန်ခဲ့တဲ့

International Emmy Award 2013

International Emmy Awards ရုပ်ရှင်ဆု ပါလစ္စတိုင်း Documentary ဆွတ်ခူးရရှိ

(၄၁) ကြိမ်မြောက် International Emmy Awards ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ “5 Broken Cameras” အမည်ရှိ ပါလစ္စတိုင်းတွေရဲ့ ဘဝသရုပ်ဖော် Documentary ဇာတ်လမ်းဟာ အကောင်းဆုံးဆု ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါတယ်။  ပါလစ္စတိုင်း (Palestine) ဒါရိုက်တာ Emad Burnat နဲ့ အစ္စရေး ဒါရိုက်တာ Guy Davidi တို့တွဲဖက်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာ (၂၀၁၃) ခုနှစ် အော်စကာဆု (Oscar) အတွက်လည်း စာရင်းဝင် ရေပန်းစားခဲ့ပါတယ်။   ယခုဆုကြောင့် ပါလစ္စတိုင်း ဒါရိုက်တာ Emad Burnat ဟာ ပထမဆုံးသော ပါလစ္စတိုင်းလူမျိုး International Emmy Awards ဆုရှင်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ “5 Broken Cameras” အမည်ရှိ Documentary

အိန္ဒိယရုပ်ရှင်များ ဆင်ဆာပြုရန် မလေးရှား အန်ဂျီအိုများ တောင်းဆို

မလေးရှားနိုင်ငံမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အန်ဂျီအို (Non-Governmental Organisations) တွေက မလေးရှား ရုပ်ရှင် ဆင်ဆာအဖွဲ့ အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ တမီးလ် ဘာသာစကား နဲ့ ရိုက်ကူးတဲ့ ရုပ်ရှင်တွေကို စီစစ်ဖို့ အတွက် ရုပ်ရှင် ဆင်ဆာအဖွဲ့ အတွင်း တမီးလ် ဘာသာစကား ကျွမ်းကျင်သူတွေ ထားရှိဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။ ဒီ အန်ဂျီအို တွေထဲမှာ အများစုဟာ မလေးရှားမှာ ရှိတဲ့ အိန္ဒိယ-မွတ်စလင် တွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။   ဒီလို  ဆင်ဆာအဖွဲ့ အတွင်း တမီးလ် ဘာသာစကား ကျွမ်းကျင်သူတွေ ထားရှိဖို့ တောင်းဆိုရခြင်းဟာ ပြီးခဲ့တဲ့လ အတွင်း ဆင်ဆာအဖွဲ့က ရုံတင်ဖို့ခွင့်ပြုလိုက်တဲ့  မွတ်စလင်တွေကို အကြမ်းဖက်သမား