Tag Archives: Famous Muslim

Sharmeen-Obaid-Chinoy

အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆု ပါကစ္စတန် အမျိုးသမီး ဒါရိုက်တာ ရရှိ

ပြီးခဲ့တဲ့ အော်စကာ (Oscar) ရုပ်ရှင်ဆုပေးပွဲမှာ ပါကစ္စတန် (Pakistan) အမျိုးသမီး ဒါရိုက်တာ ရှမီးမ်အိုဘေ့ချိနွိုင် (Sharmeen Obaid-Chinoy) က အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ သူမရဲ့ ဒုတိယ အကြိမ်မြောက် ရရှိတဲ့ အော်စကာဆုဖြစ်ပြီး ပါကစ္စတန် အမျိုးသမီးတစ်ဦးအနေနဲ့ အော်စကာဆု (၂) ကြိမ် ရရှိသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။   အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ရှမီးမ်ဟာ ဂျာနယ်လစ်တစ်ဦးအဖြစ်လည်း လူသိများသူပါ။ သူမဟာ ပါကစ္စတန်နိုင်ငံအတွင်း အမျိုးသမီးတွေရဲ့ ခွဲခြားဆက်ဆံခံရပုံကို နိုင်ငံတကာက သိရှိအောင် ကြိုးပမ်းဆောင်ရွက်သူအဖြစ် လူသိများပါတယ်။ (၂၀၁၆) ခုနှစ် အကောင်းဆုံး ရုပ်သံဇာတ်လမ်းတို အော်စကာဆုကိုတော့ သူမ ရိုက်ကူးခဲ့တဲ့ “A

Fatima-Omar-Egypt

နိုင်ငံဂုဏ်ဆောင် အားကစားမယ် အီဂျစ်နိုင်ငံသူ ဖာသီမာအိုမာရ်

ဒူဘိုင်းမြို့ (Dubai) မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲ (World Weightlifting Championship) မှာ အီဂျစ် (Egypt) နိုင်ငံသူ ဖာသီမာအိုမာရ် () ဦးဆောင်တဲ့ အဖွဲ့က ရွှေတံဆိပ် ရရှိသွားကြောင်း သိရှိရပါတယ်။ အိုမာရ်ဟာ (၆၁) ကီလိုတန်းမှာ စံချိန်တင် (၁၃၅) ဒဿမ (၅) မှတ်နဲ့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ။ ယခုနှစ်အတွက် နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။   အသက် (၄၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီး ဖာသီမာအိုမာရ်ဟာ (၁၉၉၇) ခုနှစ်ကတည်းက ပညာရေးကို

Global Industry Outlook 3:  Azim H. Premji

အိန္ဒိယ-မွတ်စလင်သန်းကြွယ်သူဌေး ရက်ရောမှုအများဆုံးစာရင်း အဆင့် (၄) ချိတ်

အိန္ဒိယနိုင်ငံ (India) ဘန်ဂလောမြို့ (Bangalore) ရှိ ကွန်ပြူတာနည်းပညာ ဆော့ဖ်ဝဲကုမ္ပဏီ Wipro Limited ၏ ဥက္ကဌဖြစ်သူ အိန္ဒိယ-မွတ်စလင် သန်းကြွယ်သူဌေး အဇင်းမ် ပရာမ်ဂျီး (Azim Premji) မှာ လူသားအကျိုးပြု လုပ်ငန်းများအတွက် လှူဒါန်းမှုတွင် ကမ္ဘာ့အဆင့် (၄) နေရာ၌ ရပ်တည်နေကြောင်း စီးပွါးရေး သုတေသီအဖွဲ့ Wealth-X နှင့် Business Insider တို့ ပြုလုပ်သော စစ်တမ်းအရ သိရှိရသည်။   အဇင်းမ် ပရာမ်ဂျီးမှာ မိမိ၏ ပိုင်ဆိုင်မှုထဲမှ အမေရိကန်ဒေါ်လာ (၈) ဘီလီယံအား လူသားအကျိုးပြု ကူညီရေး လုပ်ငန်းများအတွက် လှူဒါန်းထားပြီး ဖြစ်သည်။ လှူဒါန်းမှု အများဆုံးအဖြစ် မိုက်ကရိုဆော့ဖ် (Microsoft) တည်ထောင်သူ ဘီလ်ဂိတ် (Bill

Amani Al-Khatahtbeh

CNN သတင်းဌာနမှ ချီးမွမ်းတင်ပြသော စွန့်ဦးတီထွင် စီးပွါးရေးလုပ်ငန်းရှင် မွတ်စလင် အမျိုးသမီးငယ်

နိုင်ငံတကာ သတင်းဌာနများတွင် ထူးခြားသစ်လွင် ကောင်းမွန်သော မွတ်စလင် သတင်းများ ပါဝင်ဖော်ပြမှု နည်းပါးခြင်း၊ အထူးသဖြင့် လူမှုရေး၊ စီးပွါးရေး၊ ပညာရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် မွတ်စလင် အမျိုးသမီးများ၏ ပါဝင်မှု အခန်းကဏ္ဍအား ထိန်ချန်ထားရှိခြင်းများကြောင့် အသက် (၂၃) နှစ်အရွယ် မွတ်စလင် အမျိုးသမီးငယ် အမာနီ အလ်-ခါတာဘာ (Amani Al-Khatahtbeh) မှ ဦးဆောင်ကာ MuslimGirl.net အမည်ရှိ လွတ်လပ်သော အင်တာနက် သတင်းဌာနတစ်ခုအား တည်ထောင်လိုက်ကြောင်း သိရှိရသည်။   အမာနီနှင့် သူမ၏ မိတ်ဆွေ (၇) ဦး အပါအဝင် အလွတ်တန်း သတင်းသမား (၃၀) ကျော်ပါဝင်သော MuslimGirl.net အင်တာနက် သတင်းဌာနမှာ လူအများ၏ စိတ်ဝင်စားမှုအား တစ်ဟုန်းထိုး ရရှိလာခဲ့သလို

El Welily

Squash ကြက်တောင်ရိုက် အားကစား ကမ္ဘာ့အဆင့် (၁) အီဂျစ်အမျိုးသမီး El Welily ဆွတ်ခူး

အီဂျစ် (Egypt) နိုင်ငံသူ Raneem El Welily ဟာ ကမ္ဘာ့အဆင့် (၁) Squash ကြက်တောင်ရိုက် အားကစားမယ်ဖြစ်ကြောင်း Professional Squash Association အဖွဲ့က အဆင့်သတ်မှတ်ထုတ်ပြန် လိုက်ပါတယ်။ တင်းနစ်အားကစားနည်းနဲ့ ဆင်တူတဲ့ Squash အားကစားဟာ အနောက်ဥရောပ၊ မြောက်အာဖရိကနဲ့ အမေရိကတိုက်မှာ အလွန် ခေတ်စားတဲ့ အားကစားဖြစ်ပါတယ်။   ယခင်က ကမ္ဘာ့အဆင့် (၁) Squash အားကစားမယ်အဖြစ် မလေးရှားနိုင်ငံ (Malaysia) က Nicol Ann David က (၉) နှစ်ထိထိ နေရာယူထားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အီဂျစ် နိုင်ငံသူ El Welily က ပထမနေရာကို ရရှိခဲ့ပါတယ်။ ဒီအတွက် El Welily