Tag Archives: Al Jazeera

child labour

ရုပ်သံမှတ်တမ်း – နိုင်ငံ့ဂုဏ် ညှိုးနွမ်းစေတဲ့ ကလေးသူငယ်များ အလုပ်ခိုင်းစေမှု

မြန်မာနိုင်ငံတဝှမ်း အမြင်မတင့်တယ်လှတဲ့ နိုင်ငံ့ဂုဏ် ညှိုးနွမ်းစေတဲ့ ကလေးသူငယ်များအား အလုပ်ခိုင်းစေမှုကို အလ်ဂျဇီရာ အမေရိက သတင်းဌာနက လာရောက်ရိုက်ကူး မှတ်တမ်းတင်ခဲ့ပါတယ်။   လက်ဖက်ရည်ဆိုင်များတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေကြတဲ့ ငယ်ရွယ်လှတဲ့ ကလေးတွေရဲ့ ဘ၀အခြေအနေ၊ မိသားစုနောက်ခံ အခြေအနေနဲ့ ပညာသင်ခွင့် မရရှိတဲ့ အခြေအနေများ အကြောင်းကို တင်ပြထားပါတယ်။   စားပွဲထိုးကလေးငယ်များကို အချိန်ပိုင်း စာသင်ကြားပေးတဲ့ မြန်မာမိုဘိုင်း ပညာရေး ပရောဂျက်အကြောင်းကိုလည်း ထည့်သွင်းတင်ပြထားပါတယ်။   (၂၀၀၆) ခုနှစ်မှာ ကောက်ယူထားတဲ့ UNICEF သုတေသန စစ်တမ်းအရ မြန်မာနိုင်ငံမှာရှိတဲ့ အသက် (၇) နှစ်မှ (၁၆) နှစ်ကြား ကလေးစုစုပေါင်းရဲ့ (၃၃) ရာခိုင်နှုန်းဟာ အလုပ်လုပ်ကိုင်နေရကြောင်း သိရှိရပါတယ်။ ဗြိတိန်အခြေစိုက် Maplecroft ဌာနက မြန်မာနိုင်ငံရဲ့ ကလေးလုပ်သား

tariq-ramadan

အနောက်တိုင်းရဲ့ ရှေ့နောက်မညီ ရှေ့ဖုံးနောက်ပေါ် မူဝါဒကို Professor Tariq Ramadan ထောက်ပြဝေဖန်

အင်္ဂလန်နိုင်ငံ (England) အောက်စဖို့ဒ် တက္ကသိုလ် (Oxford University) အစ္စလာမ်ဘာသာရေးရာဌာန (Islamic Studies) ၌ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူ Professor Tariq Ramadan က “ပဲရစ်မြို့ (Paris) အကြမ်းဖက်မှုဟာ ဥရောပ (Europe) ရဲ့ အစ္စလာမ် ဆန့်ကျင်မှု၊ မုန်းတီးမှုတွေကို ပိုမိုတိုးပွါးလာနိုင်ဖွယ် ရှိတယ်”လို့ အလ်-ဂျာဇီယာ သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။     ယခုလို ပြင်သစ် Charlie Hebdo မဂ္ဂဇင်းတိုက်အပေါ် အကြမ်းဖက်မှုဟာ ဆန့်ကျင်ရှုံ့ချရမှာ ဖြစ်သလို နိုင်ငံတကာမှာရှိတဲ့ လူသားအားလုံးကို တန်းတူ တန်ဖိုးထား တက်ဖို့ လိုအပ်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။ “အီရတ် (Iraq) နဲ့ ဆီးရီးယား (Syria)

aljazeera

အလ်ဂျာဇီရာ ရုပ်သံလိုင်းကို ပိတ်ပစ်ရန် ဒူဘိုင်း ရဲမှူးချုပ်ဟောင်း လှုံ့ဆော်

    အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီးနိုင်ငံ (UAE) မြို့တော်ဒူဘိုင်း (Dubai) ၏ ရဲမှူးချုပ်ဟောင်း ဖြစ်သူ ဒါဟီ ခလ်ဖန် တာမင် (Dhahi Khalfan Tamim) က နာမည်ကျော် အလ်ဂျာဇီရာ ရုပ်သံလိုင်း (Al-Jazeera TV Network) အား ပိတ်ပင်ပစ်ရန် လှုံ့ဆော်လိုက်ကြောင်း သတင်းရရှိသည်။     အလ်ဂျာဇီရာ ရုပ်သံလိုင်းသည် ပင်လယ်ကွေ့ဒေသရှိ ညီနောင်အာရပ်နိုင်ငံလည်းဖြစ်၊ ယူအေအီးနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်သော ကာတာနိုင်ငံ (Qatar) တွင် အခြေစိုက်ကာ နိုင်ငံတကာသို့ ထိုးဖောက်အောင်မြင်နေသော ရုပ်သံလိုင်း ဖြစ်ပြီး အာရေဗျ (Arabic) ဘာသာစကားဖြင့် သာမက အင်္ဂလိပ်ဘာသာစကားဖြင့်လည်း နိုင်ငံတကာ ပရိတ်သတ်သို့ တင်ဆက်မှုပေးနေသော ရုပ်သံလိုင်း ဖြစ်သည်။

Aung_san_Suu_Kyi_Burmese_JPG20080208

အလ်-ဂျာဇီယာမှ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့ အနာဂတ်အရေးနှင့် လတ်တလော ပဋိပက္ခများအပေါ် တွေ့ဆုံမေးမြန်း

ကာတာနိုင်ငံ (Qatar) အခြေစိုက် နိုင်ငံတကာ သတင်းဌာန အလ်-ဂျာဇီယာ (Al-Jazeera) က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို “Talk to Al-Jazeera” အစီအစဉ် အတွင်း တွေ့ဆုံမေးမြန်း ခဲ့ကြောင်း တင်ဆက် ထားပါတယ်။ အစီအစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ “တရားဥပဒေ စိုးမိုးမှု မရှိကြောင်း” ထုတ်ဖော် ပြောဆို လိုက်ပါတယ်။   မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်လို့ မရနိုင်ကြောင်း၊ လူထုရဲ့ အားပေးမှုနဲ့အတူ အားလုံးက ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံအတွင်း အဓိက ပြဿနာဟာ တရားဥပဒေစိုးမိုးမှု မရှိခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်းအပေါ်မှာ လူတွေဟာ အကြောက်တရား

al-jazeera-america

ဘက်စုံပြင်ဆင်မှုများဖြင့် အလ်ဂျာဇီယာ-အမေရိက ဩဂုတ်လတွင် ရုပ်/သံ စတင်ထုတ်လွှင့်မည်

အမေရိကန်ပြည်ထောင်စု (United State of America) မှာ နိုင်ငံတကာ သတင်းမီဒီယာတစ်ခုအဖြစ် အခြေစိုက် ထုတ်လွှင့်တော့ မယ့် အလ်ဂျာဇီယာ အမေရိက (Al Jazeera America) သတင်းဌာနဟာ သူတို့ရဲ့ ပြင်ဆင်မှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာခဲ့ပြီး ယခုအချိန်မှာတော့ အမေရိကမှာရှိတဲ့ နာမည်ကြီး သတင်းဌာနတွေက သတင်းတင်ဆက်သူ၊ သတင်း မီဒီယာ လုပ်ငန်းကျွမ်းကျင်သူတွေ Al Jazeera America သတင်းဌာနမှာ လာရောက်လုပ်ကိုင်ဖို့ သဘောတူညီမှုတွေ ရရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။   ကာတာနိုင်ငံ (Qatar)၊ ဒိုဟာမြို့ (Doha) အခြေစိုက် နာမည်ကြီး နိုင်ငံတကာ သတင်းမီဒီယာဖြစ်တဲ့ အလ်ဂျာဇီယာဟာ အမေရိကန်အခြေစိုက် Current TV နဲ့ ရုပ်/သံ ထုတ်လုပ်ခွင့်လိုင်စင်ကို ဝယ်ယူပြီး၊ မကြာမီ