Tag Archives: AIPMC

VOA Burmese: မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ စိတ်မချသေး

  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေတိုးတက်လာပြီလို့ သဘောထားပြီး အဆင့်တိုး သတ်မှတ်နိုင်ဖို့ အလားအလာရှိတာကြောင့် လူ့အခွင့်အရေးအခြေအနေ မျက်ခြေမပြတ် အကဲခတ်နိုင်အောင် အထူးကိုယ်စားလှယ် ဆက်လက်ထားရှိရေးအတွက်  AIPMC မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အင်ဒိုနီးရှားနိုင်ငံအပါအ၀င် အာဆီယံနိုင်ငံတွေအားလုံးက ထောက်ခံကြပါရန် တိုက်တွန်းလိုက်ပါတယ်။   ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့အထိကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီရဲ့ အစီအစဉ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်တဲ့ လက္ခဏာတွေကြောင့် အဆင့် ၄ ကနေ၊ အဆင့် (၁၀) အထိ တိုးမြှင့်သတ်မှတ်မယ့် အစီအစဉ် ပါရှိပါတယ်။ ဒီလို အဆင့်တိုးပြီး သတ်မှတ်ခြင်းအားဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တာဝန်ပေးအပ်ခြင်းကို ဖယ်ရှားပစ်ဖို့ အလားအလာ ရှိနေပါတယ်။   မြန်မာပြည်အတွင်းက