Category Archives: မြန်မာမွတ်စလင်သမိုင်း

Women-Islam-01

မြန်မာ့ ဆေးပညာနှင့် စာပေလောကအား အကျိုးကျေးဇူးပြုခဲ့သော အထင်ကရ မြန်မာမွတ်စလင် ညီအစ်မနှစ်ဖော်

  နုရည်ထွန်း     မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ်သာသနာဝင် မြန်မာမွတ်စလင်တို့သည် ခေတ်အဆက်ဆက် နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးခဲ့သူများ ဖြစ်ကြရာ ထိုအထဲတွင် တစ်အူတုံဆင်းဖြစ်ကြသည့် ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်းနှင့် ဒေါ်ကြည်ကြည်ဝင်း ဆိုသည့်  စာရေးဆရာမ ညီအစ်မနှစ်ဖော်လည်း ပါဝင်သည်။   ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်း (ကလောင်အမည် ဒေါက်တာလဲ့လဲ့ဝင်း) နှင့် ဒေါ်ကြည်ကြည်ဝင်း (ကလောင်အမည် တက္ကသိုလ်ကျော့ရှင်း) တို့ကို ဖခင် ဦးသိုက်ထွန်းနှင့် မိခင် ဒေါ်မြသွင်တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး ဒေါ်လဲ့လဲ့ဝင်းက သမီးအကြီး ဖြစ်၍ ဒေါ်ကြည်ကြည်ဝင်းက သမီးအငယ် ဖြစ်သည်။   ဒေါက်တာ ဒေါ်လဲ့လဲ့ဝင်း [M.B.B.S.(Ygn), D(Obst), R.C.O.G.(London)] (ကလောင်အမည် ဒေါက်တာလဲ့လဲ့ဝင်း)   ဆရာမကြီး ဒေါက်တာလဲ့လဲ့ဝင်းကို

zarni KL Sept 2012

Myanmar and Its Manufacturing Genocidal Racism towards Rohingya

  by Maung Zarni – TRANSCEND Media Service   There was inter-ethnic solidarity for the Rohingya/Muslims of Arakan dating back to 17 May 1978, the year of the first state-sponsored campaign of terror and destruction against the Rohingyas.   “We, the Representatives of the peoples of Kachin, Karen, Palaung, Lahu, Shan and Wa, in deep

ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ် – အပိုင်း (၆)

  ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ် – အပိုင်း (၅)   ဥက္ကဌကြီး ဦးရာရှစ် အထိန်းသိမ်းခံရခြင်းမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ဥက္ကဌကြီး၏ ကတော်သည် မကြာခဏဆိုသလိုပင် ကျန်းမာရေးအခြေအနေ ဆိုးဝါးမှု ဖြစ်ခဲ့သည်။ ထိုအချိန်ကာလက ဦးရာရှစ်၏ သားများသည် မြန်မာနိုင်ငံအတွင်းသို့ ပြန်မလာရောက်နိုင်ခဲ့ကြပေ။ ထို့ကြောင့် ဇနီးသည်က ဦးရာရှစ်အား မိမိ၏ သားများနှင့် မတွေ့ဆုံရဘဲ သေဆုံးရမည်ကို မကြာခဏ ပြောကြာသည်ဟု ကြားသိရသည်။ ကြာသော် ဦးရာရှစ်သည် ဇနီးသည်၏ စိတ်ဆန္ဒကို လိုက်လျောသည့်အနေဖြင့် နိုင်ငံခြားသို့ ထွက်ခွါရန် သဘောတူညီခဲ့သည်။ တစ်ဘက်တွင်လည်း ထစ်ကနဲဆို ဖမ်းဆီးချုပ်နှောင်ခြင်း ခံနေရသည်က အကြောင်းတစ်ကြောင်းဖြစ်သည်။ သူ့အနေနှင့်မူ မသွားလိုခဲ့ပေ။   ထို့ကြောင့် ဦးရာရှစ်သည်

U-Rashid-01

ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ် – အပိုင်း (၅)

  ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ်– အပိုင်း (၄)         ဦးရာရှစ်သည် မြန်မာပြည်ရှိ မွတ်စလင်တို့၏ ဘဝကို မြှင့်တင်ပေးလိုသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့် မွတ်စလင်ရေးရာများတွင် အတတ်နိုင်ဆုံး ပါဝင်လှုပ်ရှားလေသည်။ သူဝန်ကြီးဖြစ်လာသည့် ကာလကလည်း သူ၏ဝန်ကြီးလစာသည် သူ၏အိမ်သို့ မရောက်ရှိပေ။ အလှုအတန်းများတွင်သာ သုံးလေသည်။ သူသည် မိမိပိုင်လုပ်ငန်း ရှိသူတစ်ဦးဖြစ်သဖြင့် သူ့မိသားစုအတွက် စားဝတ်နေရေးမှာ ဖူလုံနေသဖြင့် ပူပင်ကြောင့်ကြရန် မလိုပေ။ အလှူအတန်းများကိုလည်း အတတ်နိုင်ဆုံး ပေးကန်းလှူဒါန်းလေသည်။ သူ့ထံ လာရောက်သူ တစ်ဦးတစ်ယောက်ကို လက်မဲ့ဗလာချည်း ဘယ်သောအခါမှ အဖြစ်စေခဲ့ပေ။ ဤသည်တို့မှာ ကျနော်သိသည့် အကြောင်းအရာ အနည်းငယ်မျှသာ ဖြစ်သေးသည်။ နှစ်စဉ်

ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ် – အပိုင်း (၄)

  ကျနော် သိရှိ၊ လက်တွဲဆောင်ရွက်ခွင့် ရရှိခဲ့သော ဂုဏ်ထူးဆောင် မြန်မာမွတ်စလင် ဦးရာရှစ် – အပိုင်း (၃)   ဦးရာရှစ်သည် အဖွဲ့အစည်းအဖြစ် ‘မွတ်စလင်ဖောင်ဒေးရှင်း’၊ ‘ဘီအမ်အို’၊ ‘မွတ်စလင် ဗဟိုရံပုံငွေအဖွဲ့’၊ ‘ဘားလမ်းဆေးရုံ’၊ ‘မွတ်စလင် ကျောင်းသူကျောင်းသားများအသင်း’၊ ‘ဇီနသ်အစ္စလာမ် ယောင်္ကျားကလေးများဂေဟာ’ စသည့် အဖွဲ့အစည်း၊ အသင်းအပင်း အမြောက်အများကို ဖွဲ့စည်းထူထောင်ခဲ့သူ ဖြစ်သည်။ အချို့မှာ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သလို၊ အချို့မှာ သူကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် အဖွဲ့အစည်း၊ အသင်းများလည်း ရှိသည်။ ကျနော် မသိသည့် အခြားအဖွဲ့အစည်း၊ အသင်းအပင်းများလည်း ရှိကောင်းရှိပေလိမ့်မည်။   ဤသို့ဖြင့် ကျနော်သည်လည်း ဘီအမ်အို အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သည့်အလျောက် အဖွဲ့အစည်း ကိစ္စအချို့ကိုလည်း တာဝန်အရ ဆောင်ရွက်ခဲ့ရသည်များ ရှိပေသည်။ ကျောင်းစာသင်ပေးခြင်း