Category Archives: အာဖရိက

Fatima-Omar-Egypt

နိုင်ငံဂုဏ်ဆောင် အားကစားမယ် အီဂျစ်နိုင်ငံသူ ဖာသီမာအိုမာရ်

ဒူဘိုင်းမြို့ (Dubai) မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲ (World Weightlifting Championship) မှာ အီဂျစ် (Egypt) နိုင်ငံသူ ဖာသီမာအိုမာရ် () ဦးဆောင်တဲ့ အဖွဲ့က ရွှေတံဆိပ် ရရှိသွားကြောင်း သိရှိရပါတယ်။ အိုမာရ်ဟာ (၆၁) ကီလိုတန်းမှာ စံချိန်တင် (၁၃၅) ဒဿမ (၅) မှတ်နဲ့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ။ ယခုနှစ်အတွက် နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။   အသက် (၄၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီး ဖာသီမာအိုမာရ်ဟာ (၁၉၉၇) ခုနှစ်ကတည်းက ပညာရေးကို

El Welily

Squash ကြက်တောင်ရိုက် အားကစား ကမ္ဘာ့အဆင့် (၁) အီဂျစ်အမျိုးသမီး El Welily ဆွတ်ခူး

အီဂျစ် (Egypt) နိုင်ငံသူ Raneem El Welily ဟာ ကမ္ဘာ့အဆင့် (၁) Squash ကြက်တောင်ရိုက် အားကစားမယ်ဖြစ်ကြောင်း Professional Squash Association အဖွဲ့က အဆင့်သတ်မှတ်ထုတ်ပြန် လိုက်ပါတယ်။ တင်းနစ်အားကစားနည်းနဲ့ ဆင်တူတဲ့ Squash အားကစားဟာ အနောက်ဥရောပ၊ မြောက်အာဖရိကနဲ့ အမေရိကတိုက်မှာ အလွန် ခေတ်စားတဲ့ အားကစားဖြစ်ပါတယ်။   ယခင်က ကမ္ဘာ့အဆင့် (၁) Squash အားကစားမယ်အဖြစ် မလေးရှားနိုင်ငံ (Malaysia) က Nicol Ann David က (၉) နှစ်ထိထိ နေရာယူထားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အီဂျစ် နိုင်ငံသူ El Welily က ပထမနေရာကို ရရှိခဲ့ပါတယ်။ ဒီအတွက် El Welily

Ameenah-Gurib-Fakim-Mauritius-01

မော်ရစ်ရှပ် သမ္မတအဖြစ် မွတ်စလင်အမျိုးသမီး သိပ္ပံပညာရှင် အမီနာအား ရွေးကောက်တင်မြှောက်

    အထင်ကရ မွတ်စလင်အမျိုးသမီး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ အမီနာ ဂူရိဘ်-ဖာကင် (Ameenah Gurib-Fakim) အား မော်ရစ်ရှပ်နိုင်ငံ (Mauritius) ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရှိရသည်။   အိန္ဒိယသမုဒ္ဒရာ (Indian Ocean) အတွင်း၌ရှိသော မော်ရစ်ရှပ်နိုင်ငံ၏ ပါလီမန်က အမီနာအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မှုကို ကြာသပတေးနေ့က အတည်ပြုလိုက်ပြီဖြစ်ပြီး အမီနာသည် မော်ရစ်ရှပ်နိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး သမ္မတအဖြစ် သမိုင်းမှတ်တမ်း ၀င်သွားပြီ ဖြစ်သည်။ သူမအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်မှုကို အတိုက်အခံပါတီကပါ ထောက်ခံမဲ ထည့်ခဲ့ကြောင်း သိရသည်။   မော်ရစ်ရှပ်နိုင်ငံသည် ဗြိတိသျှနိုင်ငံ (British) မှ (၁၉၆၈) ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ဓနသဟာယအဖွဲ့ဝင် နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ရာ

Sisa Abu Daooh

အမျိုးသား ဟန်ဆောင်ကာ အလုပ်ကြမ်းလုပ် သမီးငယ်ကို ပြုစုပျိုးထောင်ခဲ့သော မိခင်ကို အီဂျစ် ဂုဏ်ပြု

အီဂျစ်နိုင်ငံ (Egypt) လူဆာမြို့ (Luxor) ၌ အမျိုးသမီးတစ်ဦးက (၄၃) နှစ်တိုင်တိုင် အမျိုးသားအဖြစ် ဟန်ဆောင်ရုပ်ဖျက်ကာ သမီးငယ်အား ဝမ်းကြောင်းခဲ့ခြင်းအပေါ် အစိုးရမှ အသိအမှတ်ပြုလိုက်ပြီး “စံပြမိခင်” ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သည်။ လူဆာမြို့ အစိုးရမှ အဆိုပါ အမျိုးသမီးအား နိုင်ငံ၏ အထွဋ်အထိပ်ဆုဖြစ်သော အမျိုးသမီးများအား ချီးမြှင့်သည့် “Woman Breadwinner” ဆုအား ပေးအပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။     အသက် (၆၄) နှစ်ရှိပြီ ဖြစ်သော Sisa Abu Daooh အမည်ရှိ အမျိုးသမီးမှာ ခင်ပွန်း ကွယ်လွန်ပြီးစဉ်ကတည်းက မိမိကိုယ်ကို အမျိုးသားအဖြစ် ရုပ်ဖျက်ကာ သမီးငယ်အား ဝမ်းကြောင်းပြုစု ပျိုးထောင်ပေးခဲ့သူ ဖြစ်သည်။ သူမ နေထိုင်ရာမြို့၌ အမျိုးသမီးများ လမ်းပေါ်ထွက် ဝမ်းစာရှာရသည့်

Central African Republic

ဗဟိုအာဖရိက သမ္မတနိုင်ငံတွင် ခရစ်ယာန် စစ်သွေးကြွအဖွဲ့က ဗလီဝတ်ကျောင်းတော် အားလုံးနီးပါး ဖျက်ဆီးပစ်ခဲ့

ဗဟိုအာဖရိက သမ္မတနိုင်ငံ (Central African Republic) တွင် ဖြစ်ပွါးနေသော အစွန်းရောက် ခရစ်ယာန် စစ်သွေးကြွအဖွဲ့နှင့် ဒေသခံတို့၏ ပဋိပက္ခများကြောင့် အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းတော် (၄၀၀) ကျော် ဖျက်ဆီးခံလိုက်ရကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် Samantha Power မှ သတင်းထုတ်ပြန်ခဲ့သည်။     ဗဟိုအာဖရိက သမ္မတနိုင်ငံ၏ အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း သူမက ထပ်ဆင့် ပြောဆိုခဲ့သည်။ နိုင်ငံအတွင်း ကုလ၏ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးတပ်မှာ အင်အားနည်းပါးနေကြောင်း၊ ပြီးခဲ့သည့် (၂၀၁၃) ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့သည့် ခရစ်ယာန် စစ်သွေးကြွများ၏ အကြမ်းဖက်မှုများကြောင့် လူပေါင်း (၅,၀၀၀) သေဆုံးပြီး ဖြစ်သည်ဟု ခန့်မှန်းရကြောင်း သူမက ဆိုသည်။   ပဋိပက္ခအကျိုး