Category Archives: အာရပ်ကမ္ဘာ

Turkey-Iran-cooperation

ဒေသတွင်း ပဋိပက္ခ အဆုံးသတ်ရေး အီရန်နှင့် တူရကီ လက်တွဲမည်

    အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေး ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြဖို့ကို အီရန် (Iran) နဲ့ တူရကီ (Turkey) ခေါင်းဆောင်တွေက တောင်းဆိုလိုက်ကြကြောင်း VOA မြန်မာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။   “အီရန်နဲ့ တူရကီ နိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေနဲ့ အချင်းချင်းကြား သတ်ဖြတ်နေတာတွေကို အဆုံးသတ်စေရေး လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ တူရကီ ၀န်ကြီးချုပ် Ahmet Davutoglu က ပြောဆိုခဲ့ပါတယ်။ အီရန်မှာ ပြုလုပ်တဲ့ စနေနေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း တူရကီ ၀န်ကြီးချုပ်က “အခုလို လက်တွဲလုပ်ဆောင်မှုက ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးမှာ ထိရောက်ပြီး အကျိုးရှိစေမှာ ဖြစ်တယ်”လို့လည်း ပြောဆိုသွားခဲ့ပါတယ်။   အီရန် ဒု-သမ္မတ

fifa world cup

ကာတာတွင် ကျင်းပမည့် (၂၀၂၂) ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရက်များ ဖီဖာမှ ထုတ်ပြန်

ဖီဖာ (FIFA) ဘောလုံးအဖွဲ့ချုပ်မှ လာမည့် (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပမည့် ရက်များအား သတ်မှတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား နိုဝင်ဘာ (၂၁) ရက်နေ့မှ ဒီဇင်ဘာ (၁၈) ရက်နေ့အထိ ကျင်းပမည်ဟု ဖီဖာမှ သတ်မှတ်လိုက်ကြောင်း အမေရိကန်အခြေဆိုက် ESPN သတင်းဌာနတွင် ဖော်ပြထားသည်။     ပုံမှန်အားဖြင့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများအား ဇွန်လတွင် ကျင်းပလေ့ရှိသော်လည်း ပင်လယ်ကွေ့ဒေသ၏ ရာသီဥတုအခြေအနေအရ ယခုကဲ့သို့ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပရန် ပြောင်းလဲ သတ်မှတ်ရခြင်းဖြစ်သည်။   (၂၀၂၂) ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအား ကာတာနိုင်ငံ (Qatar) အတွက် အိမ်ရှင်အဖြစ်ဆောင်ရွက်ခွင့်ကို အင်္ဂလန်နိုင်ငံဦးဆောင်က အနောက်နိုင်ငံအချို့က

GCC Railway Project

ပင်လယ်ကွေ့ အာရပ် (၆) နိုင်ငံအကြား မြန်နှုန်းမြင့် ရထားလိုင်း ဖောက်လုပ်မည်

ရေနံကြွယ်ဝသော အာရပ် ပင်လယ်ကွေ့နိုင်ငံများအကြား ပေါင်းကူးဆက်သွယ်ပေးနိုင်မည့် ရထားလမ်းသစ်အား စတင်ဆောက်လုပ်နေပြီ ဖြစ်ရာ (၂၀၁၈) ခုနှစ်တွင် အဆုံးသတ်နိုင်မည်ဟု ခန့်မှန်းထားသည်။ ပင်ကယ်ကွေ့ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Gulf Cooperation Council) ဟု ခေါ်တွင်သော ဆော်ဒီအာရေဗျ (Saudi Arabia)၊ ဘာရိန်း (Bahrain)၊ ယူအေအီး (UAE)၊ ကူဝိတ် (Kuwait)၊ အိုမန် (Oman)၊ ကာတာ (Qatar) နိုင်ငံ (၆) နိုင်ငံအကြား အလွယ်တကူ သွားလာနိုင်ရေးအတွက် ဖောက်လုပ်မည့် ရထားလမ်း ဖြစ်ကြောင်း Saudi Gazette သတင်းဌာနမှ ဖော်ပြထားသည်။   ပင်လယ်ကွေ့နိုင်ငံများအကြား အမြန်နှုန်းဖြင့် ပြေးဆွဲမည့်ရထားလမ်းမှာ အရှည်အားဖြင့် ကီလိုမီတာ (၂,၁၀၀) ကျော်ရှိပြီး ခရီးသည်တင်ရထားအား မြန်နှုန်း တစ်နာရီလျှင်

Saudi-Arabia-Kingdom-Tower-01

ဆော်ဒီတော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံရ

ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) ၏ တော်ဝင်မင်းသမီး တစ်ဦးဖြစ်သူ Reem Bint Mansour Al-Saud အား သူမ၏ လူသားချင်း စာနာကူညီမှု လုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ကုလသမဂ္ဂ (United Nations) မှ အထူးသံတမန်အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ ဤသို့ ခန့်အပ်ခံရခြင်းကြောင့် Reem Bint Mansour Al-Saud မှာ ပထမဆုံး ဆော်ဒီ တော်ဝင်မင်းသမီး ကုလအထူးသံတမန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။   Reem Bint Mansour Al-Saud မှာ အရှေ့အလယ်ပိုင်း အထူးပြုဘာသာရပ်ဖြင့် အင်္ဂလန်နိုင်ငံ (England) အောက်စ်ဖို့ဒ်တက္ကသိုလ် (Oxford University) မှ ဒေါက်တာဘွဲ့ရရှိထားသူ ဖြစ်သည်။ သူမ၏ ကျိုးပမ်းဆောင်ရွက်မှုအတွက် ကုလသမဂ္ဂမှ ပေးအပ်ချီးမြှင့်သော

dubai+future+museum

ဒူဘိုင်းမြို့တွင် ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ နှင်းလျှောစီး အပန်းဖြေစခန်း ဆောက်လုပ်မည်

အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (United Arab Emirates)  နိုင်ငံ ဒူဘိုင်းမြို့ (Dubai) မှာ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ နှင်းလျှောစီး အပန်းဖြေစခန်း ဆောက်လုပ်မှာ ဖြစ်တယ်လို့ အာရပ်သတင်းဌာန Arab News မှာ ဖော်ပြခဲ့ပါတယ်။ အသစ်ဆောက်လုပ်မယ့် အပန်းဖြေစခန်းမှာ (၁.၂) ကီလိုမီတာ အထိရှည်လျားတဲ့ စကိတ်စီးလမ်း ပါဝင်မှာ ဖြစ်ပါတယ်။   (၂၀၀၅) ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ Mall of the Emirates မှာရှိတဲ့ နှင်းလျှောစီး အပန်းဖြေစခန်းဟာ ယခုလက်ရှိ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ နှင်းလျှောစီး အပန်းဖြေစခန်းအဖြစ် ဂင်းနစ်စံချိန် (Guinness) ဝင်ထားပါတယ်။ ထပ်မံဆောက်လုပ်မယ့် အပန်းဖြေစခန်းဟာ လက်ရှိစခန်းထက် (၃) ဆ ကြီးမားဖွယ်ရှိတယ်လို့ ဆိုပါတယ်။