Category Archives: အလယ်အာရှ

Singapore-PM-Lee-01

စင်္ကာပူဝန်ကြီးချုပ် တရုတ်မွတ်စလင် တိုင်းရင်းသား ဝီဂါလူမျိုးများ ဌာနေသို့ သွားရောက်လည်ပတ်

  တရုတ်နိုင်ငံ (China) ရှင်ကျန် (Xinjiang) ပြည်နယ်ကို ရောက်ရှိနေတဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံး (Lee Hsien Loong) က စင်္ကာပူနိုင်ငံနဲ့ ရှင်ကျန်ပြည်နယ်မှာ ဘုံတူညီတဲ့ အချက်အလက်တွေဖြစ်တဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်တဲ့ ဝိသေသ လက္ခဏာတွေ ရှိကြောင်း ပြောဆိုလိုက်ပါတယ်။     တရုတ်တိုင်းရင်းသား မွတ်စလင် ဝီဂါလူမျိုး (Uighur) တွေရဲ့ ဌာနေဖြစ်တဲ့ ရှင်ကျန်ပြည်နယ်၊ ကာ့ရှ်ဂါ (Kashgar)မြို့ကို ရောက်ရှိစဉ် စင်္ကင်္ာပူဝန်ကြီးချုပ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကာ့ရှ်ဂါမြို့ဟာ စင်္ကာပူနိုင်ငံလို လူမျိုးပေါင်းစုံရှိပြီး မိမိတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရင်း စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာအောင် ကြိုးစားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။   စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ စင်္ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management University) ဟာ ကာ့ရှ်ဂါမြို့မှာ စင်တာဖွင့်လှစ်ပြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး စီမံကိန်းတွေ

“Symphony for Palestine” ဖျော်ဖြေမှု ဂျေရုစလင်တွင် ကျင်းပ

ပါလစ္စတိုင်းများအတွက် ဆင်ဖိုနီ (Symphony for Palestine) လို့ အမည်ပေးထားတဲ့ Symphony (သံစုံတီးဝိုင်း) ဂီတ ဖျော်ဖြေပွဲတရပ်ကို ဂျေရုစလင်နဲ့ အနောက်ဘက် ကမ်းခြေ (West Bank) မှာ ကျင်းပခဲ့ပါတယ်။ အီရန်လူမျိုး Kayhan Kalhor ဦးဆောင်တဲ့ ဒီဂီတဖျော်ဖြေရေးပွဲကို ပါလစ္စတိုင်းနဲ့ အာဇာဘိုင်ဂျန်လူမျိုး ဂီတပညာရှင်တွေက ပါဝင် တီးခတ်မှာဖြစ်ပါတယ်။   အစ္စရေး-ပါလစ္စတိုင်း ပဋိပက္ခတွေကြား သေဆုံးခဲ့သူ ပါလစ္စတိုင်းလူမျိုး (၂) ဦးဖြစ်တဲ့ ဒါရိုက်တာ Juliano Mer-Khamis နဲ့ အသက် (၁၁)နှစ် အရွယ် Ahmed Khatib တို့အတွက် ယခုလို Symphony (သံစုံတီးဝိုင်း) ဂီတ ဖျော်ဖြေပွဲတရပ် ကျင်းပပေးခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။   အသက်

အမေရိကန် ကျူးကျော်စစ်သား အာဖဂန်၌ အပြစ်မဲ့အရပ်သား (၁၆) ဦးကို အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်

    အာဖဂနစ္စတန်နိုင်ငံ (Afghanistan) တွင် ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ထားသော အမေရိကန်စစ်တပ်မှ တပ်ကြပ်တစ်ဦးဖြစ်သော ရောဘတ်ဘေးလ်စ် (Robert Bales) သည် (၂၀၁၂) ခုနှစ် မတ်လအတွင်း အာဖဂန်ရွာတစ်ရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ (၁၆) ဦးကို ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။   ရွာသားတစ်ဦးဖြစ်သော မိုဟာမက်ဝါဇီ (Mohammed Wazir) က “ဒီအတွက် အမေရိကန်စစ်သား အယောက် (၁၀၀) ကျနော် ပြန်သတ်မယ်”ဟု ကြေကွဲဖွယ် ကြုံးဝါးပြောဆိုသည်။ အကြောင်းမှာ သတ်ဖြတ်ခံခဲ့ရသူ (၁၆) ဦးတွင် သူ့မိခင်နှင့် (၂) နှစ်အရွယ် သမီးငယ်လေး အပါအဝင် မိသားစုဝင်ပေါင်း (၁၁) ဦး ပါဝင်သည်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ပြီး ထိုအမေရိကန်စစ်သား အကြမ်းဖက်လူသတ်သမားက အလောင်းများကို

Turkmenistan-Ashgabat-Presidents-palace-01

တာက့်မန်နစ္စတန်နိုင်ငံ မြို့တော်အက်ရှ်ဂါဘတ် စကျင်ကျောက်ဖြူ အဆောက်အဦးများဖြင့် ဂင်းနစ်မှတ်တမ်းဝင်

  အာရှအလယ်ပိုင်းဒေသ (Central Asia) တွင် တည်ရှိသော တာက့်မန်နစ္စတန်နိုင်ငံ (Turkmenistan) သည် ကမ္ဘာ့အကြီးဆုံး ရဟတ်ကြီး တည်ဆောက်ခဲ့ခြင်းကြောင့် ယခင်တစ်ခါက ဂင်းနစ်မှတ်တမ်းဝင် (Guinness World Records) နိုင်ငံ ဖြစ်ခဲ့ဖူးသည်။     ယခုတဖန် နိုင်ငံ၏ မြို့တော် အက်ရှ်ဂါဘတ် (Ashgabat) မှာ နိုင်ငံအတကာရှိ အခြားမြို့များအားလုံးထက် ‘စကျင်ကျောက်ဖြူဖြင့် တည်ဆောက်ထားသော အဆောက်အဦးများ’ အများဆုံး တည်ရှိရာ မြို့အဖြစ် ထပ်မံ မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။   ၁၉၉၁ ခုနှစ်တွင် ကွန်မြူနစ် ဆိုဗီယက်ပြည်ထောင်စု (Soviet Union) ပြိုကွဲသွားရာမှ ခွဲထွက်လာသော တာက့်မန်နစ္စတန်နိုင်ငံသည် ယခင်က ခေတ်နောက်ကျနေရာမှ ယခုအခါ သဘာဝဓာတ်ငွေ့တင်ပို့ခြင်း လုပ်ငန်းဖြင့် ကြွယ်ဝချမ်းသာလာပြီး မြို့တော်ရှိ

“ကာဇက်စတန်”နဲ့ “တာက့်မန်နစ်စတန်”က အိုလံပစ် ပြိုင်ဘက် သမ္မတကြီးများ

    ကာဇက်စတန်နိုင်ငံ (Kazakhstan)က အိုလံပစ်အားကစားပွဲတော်မှာ ရွှေတံစိပ်ရယူပေးခဲ့တဲ့ အားကစားသမားများအတွက် တခမ်းတနား ကြိုဆိုဂုဏ်ပြုပွဲတွေ ပြုလုပ်ပါတယ်။     အိုလံပစ်အားကစားပွဲတော်မှာ ကာဇက်စတန်နိုင်ငံဟာ အဆင့် ၁၂ ရယူနိုင်ခဲ့ပြီး ရွှေတံစိပ်ရှင် ၇ ဦးဟာ အနာဂတ် မြို့တော်သစ်ကြီး အက်စတာနာ (Astana)မှာရှိတဲ့ သမ္မတကြီး နူးရ်စူလ်တန် နာဇာဘေရဗ် (Nursultan Nazarbayev)ကို မတွေ့ဆုံခင် အမိုးဖွင့် တံခါးခြောက်ပေါက်ကားများနဲ့ မြို့ကိုပတ်ကာ ပြည်သူများကို လိုက်လံနှုတ်ဆက်ပါတယ်။     သမ္မတကြီး နူးရ်စူလ်တန် နာဇာဘေရဗ်ဟာ ရေနံပေါကြွယ်ဝတဲ့ ကာဇက်စတန်နိုင်ငံကို ၁၉၉၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စုမှ လွတ်လပ်လာပြီးကတည်းက နှစ် ၂၀ ကျော် အုပ်ချုပ်လာတဲ့ အာဏာရှင်တစ်ဦး ဖြစ်ပါတယ်။   အိမ်နီးချင်း တာက့်မန်နစ်စတန်နိုင်ငံ