Category Archives: တောင်အာရှ

Ratan Tata & Salman Khan

ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကသာ တိုင်းပြည်အတွင်း တည်ငြိမ်မှုပေးနိုင်ဟု Tata Group ဥက္ကဌ ပြောကြား

အိန္ဒိယနိုင်ငံ (India) ၏ စီးပွါးရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော Tata Group ဥက္ကဌ ရာတန် တာတာ (Ratan Tata) မှ နိုင်ငံအတွင်း တည်ငြိမ်မှု၊ မတူကွဲပြားမှုအပေါ် သည်းခံနားလည်ပေးနိုင်မှုမှာ ပညာရေးစနစ် ကောင်းမွန်မှုနှင့် နိုင်ငံသားတို့၏ အလုပ်အကိုင် အခြေအနေ ကောင်းမွန်မှုအပေါ် မူတည်ကြောင်း ပြောကြားလိုက်သည်။     အခမဲ့ အွန်လိုင်းပညာများ ပို့ချပေးနေသော အမေရိကန်နိုင်ငံ အခြေစိုက် Khan Academy အား Tata Group  မှ ကူညီထောက်ပံ့မှု ပေးအပ်ပွဲတွင် ရာတန်တာတာမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။ Khan Academ အား ဘင်္ဂါလီနွယ်ဖွား အမေရိကန်နိုင်ငံသား မွတ်စလင်တစ်ဦးဖြစ်သူ ဆလ်မာန်ခန်း (Salman Khan) မှ တည်ထောင်ထားပြီး

bangla_peace_keeping

ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများဖြင့် ဖွဲ့စည်းထားသော ပထမဆုံး ကုလ ငြိမ်းချမ်းရေးတပ်

  ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) မှ အမျိုးသမီး (၁၆၀) ခန့်ပါဝင်သော ကုလသမဂ္ဂအဖွဲ့ (United Nations) မှ ဦးဆောင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးတပ်မှာ အမျိုးသမီးများသာ ပါဝင်သော ပထမဆုံး ငြိမ်းချမ်းရေးတပ်အဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။ ထိုငြိမ်းချမ်းရေးတပ်အား ဟေတီနိုင်ငံ (Haiti) အတွင်း ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အလို့ငှါ ရည်ရွယ် တာဝန်ပေး စေလွှတ်ခဲ့ခြင်း ဖြစ်သည်။       ငြိမ်းချမ်းရေးတပ်အတွင်း ပါဝင်ခဲ့သူ တပ်ဖွဲ့ဝင် အမျိုးသမီးတစ်ဦးမှ ယခုကဲ့သို့ ပါဝင်ဆောင်ရွက်ရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နိုင်ငံအတွင်းရှိ အမျိုးသမီးများအပေါ် အထင်အမြင်သေးမှုတို့ ပပျောက်ကာ အများနည်းတူ ရင်ဘောင်တန်းနိုင်ကြောင်း သက်သေပြလို၍ ဖြစ်ကြောင်း ဆိုသည်။   အခြားတပ်ဖွဲ့ဝင် အမျိုးသမီးမှလည်း သူမ၏ ဆုံးဖြတ်ချက်အပေါ် ခင်ပွန်းဖြစ်သူက

Shahid Afridi

ပါကစ္စတန် ခရစ်ကက် အကျော်အမော် Shahid Afridi အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာပါဝင်

ပါကစ္စတန်နိုင်ငံ (Pakistan) က ခရစ်ကက် (Cricket) အားကစား အကျော်အမော် Shahid Afridi ဟာ အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာ ပါဝင်ကြောင်း သိရှိရပါတယ်။ DoSomething လို့ အမည်ရတဲ့ လူမှုရေးကူညီမှုအဖွဲ့က ပြုလုပ်တဲ့ စစ်တမ်းမှာ Shahid Afridi ရဲ့ ဖောင်ဒေးရှင်းက ထိပ်တန်း အဖွဲ့အစည်း (၂၀) အတွင်း ပါဝင်ခဲ့ပါတယ်။   Shahid Afridi ရဲ့ ဖောင်ဒေးရှင်းဟာ ပါကစ္စတန်နိုင်ငံအတွင်း ဆေးရုံ၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။    သူ့ရဲ့ ဖောင်ဒေးရှင်းကို စတင်ကတည်းက ပြည်တွင်းမှာ လိုအပ်တာတွေကို အဓိကထားဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုလည်း သူ့ရဲ့ ဖောင်ဒေးရှင်းက

pakistan human flag

အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒပညာရပ် ပြိုင်ပွဲအား ပါကစ္စတန်၌ ကျင်းပမည်

(၂၀၁၆) ခုနှစ်အတွင်း ကျင်းပဖွယ်ရှိသော (၄၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဓာတုဗေဒပညာရပ် ပြိုင်ပွဲအား ပါကစ္စတန်နိုင်ငံ (Pakistan) ကရာချီမြို့ (Karachi) မှ အိမ်ရှင်အဖြစ် ဦးဆောင်တာဝန်ယူမည်ဖြစ်ကြောင်း သိရှိရသည်။ ကရာချီ တက္ကသိုလ် မှပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ယခုကဲ့သို့ အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။   ဤပြိုင်ပွဲအား နိုင်ငံပေါင်း (၇၅) နိုင်ငံမှ တက်သစ်စ လူငယ်ဓာတုဗေဒပညာရှင် (၃၀၀) နှင့် အတွေ့အကြုံရှိပြီးသူ (၁၅၀) ဦးခန့် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ (၂၀၁၆) ခုနှစ် ဇူလိုင်လ (၂၀) မှ (၂၉) ရက်နေ့အထိ ကျင်းပမည်ဟု ဆိုသည်။ ဤပြိုင်ပွဲအား ပါကစ္စတန်နိုင်ငံ အဆင့်မြင့် ပညာဦးစီးဌာနနှင့် ကရာချီ တက္ကသိုလ် ဓာတုဗေဒနှင့်

India-President-Abdul-Kalam-01

အိန္ဒိယနိုင်ငံ၏ အထင်ကရ သိပ္ပံပညာရှင်၊ သမ္မတဟောင်းဖြစ်သူ အဗ္ဗဒူလ်ကာလမ် ကွယ်လွန်

အိန္ဒိယနိုင်ငံ (India) နိုင်ငံအား (၂၀၀၂) ခုနှစ်မှ (၂၀၀၇) ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့သူ အဗ္ဗဒူလ်ကာလမ် (A.P.J. Abdul Kalam) မှာ ယမန်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ သိပ္ပံပညာရှင်တစ်ဦးဖြစ်သော အဗ္ဗဒူလ်ကာလမ်မှာ ခေတ်သစ် အိန္ဒိယနိုင်ငံ၏ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများ၌ ဦးဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ကာ နိုင်ငံသားများ၊ အထူးသဖြင့် လူငယ်ပညာတတ်များ၏ ပြယုဂ်အဖြစ် သတ်မှတ်ထားခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။   အသက် (၈၃) နှစ် အရွယ်ရှိပြီ ဖြစ်သော အငြိမ်းစား သမ္မတဟောင်း အဗ္ဗဒူလ်ကာလမ်မှာ ရှီလောင်းပြည်နယ် (Shillong) ရှိ Indian Institute of Management ၌ သင်တန်းပေးရင်း နှလုံးခုန်နှုန်း မူမမှန်ရာမှ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း