Category Archives: အာရှ-ပစိဖိတ်

pakistan-team-ict

အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ ပါကစ္စတန်အဖွဲ့ ရွှေတံဆိပ် (၃) ခု ဆွတ်ခူး

သီရိလင်္ကာနိုင်ငံ (Sri Lanka) ကိုလံဘိုမြို့ (Colombo) မှာ ကျင်းပနေတဲ့ အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ (Asia Pacific ICT Alliance, APICTA 2015) မှာ ပါကစ္စတန်နိုင်ငံ (Pakistan) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ထဲက ရွှေတံဆိပ် (၃) ခုနဲ့ ငွေတံဆိပ် (၁) ခု ဆွတ်ခူးရရှိသွားကြောင်း သိရှိရပါတယ်။ အဆိုပါပြိုင်ပွဲကို သီရိလင်္ကာ ဆက်သွယ်ရေးဝန်ကြီး အပါအဝင် နိုင်ငံတကာက သတင်းအချက်အလက် နည်းပညာ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါတယ်။   နိုင်ငံပေါင်း (၁၇) နိုင်ငံပါဝင် ယှဉ်ပြိုင်ကြတဲ့ အာရှပစိဖိတ် ICT နည်းပညာ ပြိုင်ပွဲ (APICTA) ဟာ ဒေသတွင်း ICT အော်စကာဆုလို့ တင်စား

Australia-Hijab-Women-01

အိဒ်နေ့တွင် ခေါင်းစီးပဝါခြုံပြီး မွတ်စလင်တို့အား ပန်းစည်းကမ်းတဲ့ ဩစတေးလျ ပြည်သူများ

  ဩစတေးလျနိုင်ငံ (Australia) ကမ်ဘာရာမြို့ (Canberra) တွင် အစ္စလာမ်ဘာသာဝင် မဟုတ်သော အမျိုးသမီးများက စုရုံးကာ အစ္စလာမ်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် အိဒ်နေ့အခါသမယတွင် မွတ်စလင် အမျိုးသမီးများကဲ့သို့ ခေါင်းစီးခြုံပဝါ ဝတ်ဆင်ကာ မွတ်စလင်များအား ပန်းစည်းများပေးခြင်း၊ မွတ်စလင် လူမှုအသိုင်းအဝိုင်းအား အားပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။   The Canberra Times သတင်းစာ၏ ဖော်ပြချက်အရ ဩစတေးလျ အမျိုးသမီး (၁၀) ဦးသည် “မေတ္တာတရားနှင့် စည်းလုံးညီညွတ်မှု”ကို ပြသရန် ဤသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံတွင်း၌ မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ရှိနေချိန် ကမ်ဘာရာမြို့ရှိ မြို့ခံမွတ်စလင်များ အထီးကျန်မှု မဖြစ်စေရန် ဤသို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။  

Japan

ဂျပန်က ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို လေ့လာနိုင်ဖို့ အန္တာတိကတိုက်မှာ သိပ္ပံစခန်း ဖွင့်လှစ်မည်

  ဂျပန်နိုင်ငံ (Japan) က သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေကို သုတေသနပြုလုပ်နိုင်ဖို့ ရေခဲပြင်တွေ ဖုံးလွှမ်းနေတဲ့ အန္တာတိကတိုက် (Antarctica) မှာ အခြေစိုက် သိပ္ပံစခန်း ဖွင့်လှစ်ဆောင်ရွက်ဖွယ် ရှိကြောင်း သိရှိရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁) သန်းဝန်းကျင်က ခဲနေတဲ့ ရေခဲတွေထဲက လေထုကို လေ့လာသုတေသန ပြုလုပ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ပြောင်းလဲမှုတွေကို လေ့လာနိုင်မှာ ဖြစ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။   ရေခဲထုအောက် တူးပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ်ပေါင်း (၇၂၀,၀၀၀) ခန့်က လေထုကို အောင်မြင်စွာ ရယူနိုင်ခဲ့တယ်လို့ ဂျပန်သိပ္ပံပညာရှင်တွေကို သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဥရောပတိုက်က သုတေသီတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀,၀၀၀) ခန့်က လေထုကို အောင်မြင်စွာ တူးဖော်ထားနိုင်ကြောင်း ကြေငြာခဲ့ဖူးပါတယ်။ ယခုလို နှစ်သန်းချီတဲ့ အတိတ်ကာလက

China-Great-Wall-01

သင် မသိသေးတဲ့ တရုတ်ပြည်ရဲ့ ထူးခြားအံ့ဖွယ်ရာ (၁၀) ခု

  ၁။ တရုတ်ပြည်သူတွေရဲ့  ‘တူ’ (chopsticks) လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ တစ်နှစ်ကို သစ်ပင်ပေါင်း သန်း (၂၀) ခုတ်လှဲရပါတယ်။ တစ်နှစ်ကို ‘တူ’ အစုံ သန်း (၈၀,၀၀၀) (သန်း ရှစ်သောင်း) လိုအပ်ပြီး ခုတ်လှဲလိုက်တဲ့ သစ်ပင်တစ်ပင်ရဲ့  ပျမ်းမျှသက်တမ်းဟာ နှစ် (၂၀) ခန့် ရှိပါတယ်။   ၂။ တရုတ်ပြည်မှာ လက်ရှိ ဖောက်လုပ်ထားတဲ့ ရထားလမ်း အားလုံးရဲ့ စုစုပေါင်း အရှည်ဟာ ကီလိုမီတာပေါင်း (၉၃,၀၀၀) (ကိုးသောင်းသုံးထောင်) ရှိပြီး ကမ္ဘာကို နှစ်ပတ် ပတ်လို့ရပါတယ်။ ကမ္ဘာ့ လုံးပတ်ဟာ ကီလိုမီတာ (၄၀,၀၇၅) (လေးသောင်းကျော်) ရှိပါတယ်။   ၃။ တရုတ်ပြည်ဟာ ကမ္ဘာ့အကြီးဆုံး ဘိလပ်မြေ ထုတ်လုပ်တဲ့နိုင်ငံ

Fawad Ahmed

ပါကစ္စတန်ဖွား ဩစတြေးလျနိုင်ငံသား ယခုနှစ်အတွက် အထူးချွန်ဆုံး မွတ်စလင်ကစားသမား အဖြစ်မှတ်တမ်းဝင်

ပါကစ္စတန်နိုင်ငံ (Pakistan) ဖွား ဩစတြေးလျ (Australia) နိုင်ငံသား Fawad Ahmed ဟာ ယခုနှစ်အတွက် တစ်နှစ်တာအတွင်း အထူးချွန်ဆုံး မွတ်စလင် အားကစားသမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ခရစ်ကက် (Cricket) အားကစားသမား Fawad Ahmed ဟာ နာမည်ကြီး ရဂ်ဘီဘောလုံး (Rugby) အကျော်အမော် Sonny Bill Williams ကို ကျော်ဖြတ်ပြီး ယခုလို မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။   Fawad Ahmed ဟာ ပါကစ္စတန်ကနေ ဩစတြေးလျနိုင်ငံကို ရွှေ့ပြောင်းအခြေချ နေထိုင်သူ ဖြစ်ပြီး ဩစတြေးလျ ခရစ်ကက် အဖွဲ့အစည်း (Cricket Australia) ရဲ့ အကူအညီနဲ့ ယခုနှစ်ဆန်းပိုင်းကစပြီး ဩစတြေးလျနိုင်ငံသားအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ Fawad Ahmed