Category Archives: အမေရိက

ask_a_muslim

ကော်ဖီတိုက် ဒိုးနပ်ကျွေးရင်း အစ္စလာမ့်အသိပေးမည့် မိုနာတို့ ဇနီးမောင်နှံ

ကျိုးကြောင်းမဲ့ အစ္စလာမ်ကြောက် စိတ်ရောဂါ (Islamophobia) ကို မိမိတို့ တတ်စွမ်းနိုင်သော နည်းလမ်းအားဖြင့် တွန်းလှန်ရန် ကြိုးစားကြသူများ၌ အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် (Massachusetts) ရှိ မိုနာဟေဒါ (Mona Haydar) နှင့် သူမ ခင်ပွန်းတို့၏ ကြိုးစားမှုမှာ အွန်လိုင်းစာမျက်နှာများတွင် လူအများ၏ စိတ်ဝင်းစားခြင်းကို ရရှိခဲ့သည်။ အစ္စလာမ်အကြောင်း သိရှိစေရန် သူမတို့ထံ ချဉ်းကပ်မေးမြန်းပါက ကော်ဖီတစ်ခွက်နှင့် ဒိုးနပ် အခမဲ့ စားသုံးခွင့်ရမည့် အစီအစဉ်ဖြစ်သည်။   “Ask a Muslim” / “Talk to a Muslim” ဟု ရေးသားထားသော စာတန်းနှင့်အတူ မိုနာနှင့် သူမ၏ ခင်ပွန်းမှာ အစ္စလာမ်အကြောင်း အခြားသူများ အထင်အမြင်မှားနေသည်တို့ကို တိုက်ဖျက်ရန် ကြိုးစားကြခြင်းဖြစ်သည်။ မည်သူမဆို

Qawwali

မွတ်စလင်နှင့် ဂျူး ဂီတသမားများ ပူးပေါင်းဖျော်ဖြေခဲ့တဲ့ နယူးယောက် ဂျူးဘုရားကျောင်းက ဓမ္မတေးဂီတပွဲ

အမေရိကန်နိုင်ငံ (US) နယူးယောက်မြို့ (New York) က အထင်ကရ ဂျူးဘုရားကျောင်းမှာ (New York Synagogue) ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ပါကစ္စတန်နိုင်ငံ (Pakistan) က နာမည်ကြီး ဓမ္မဂီတတေးအဖွဲ့နဲ့ ဂျူး ဂီတပညာရှင်တို့ ထာဝရဘုရားသခင်ကို အောက်မေ့တသတဲ့ ဓမ္မဂီတ တေးသီချင်းများ ပူးပေါင်းသီဆို ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါတယ်။   ထူးခြားတဲ့ ဒီအစီအစဉ်ကို အမေရိကန်နိုင်ငံသား အီဂျစ် (Egypt) လူမျိုး အစ္စလာမ်ဘာသာရေးရာ ပညာရှင် Imam Feisal Abdul Rauf တည်ထောင်ခဲ့တဲ့ The Cordoba Initiative အဖွဲ့က ကမ္မကထပြု စီစဉ်ခဲ့တာပါ။   အစီအစဉ် ကနဦးပိုင်းမှာ ဂျူးဂီတပညာရှင် Basya Schechter

Halim Dhanidina

ကယ်လီဖိုးနီးယားက ပထမဆုံး မွတ်စလင် တရားသူကြီး Halim Dhanidina

အသက် (၄၂) နှစ်အရွယ်ရှိ မွတ်စလင် ဥပဒေပညာရှင် Halim Dhanidina ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် (California) ရဲ့ ပထမဦးဆုံးသော အထက်တန်း တရားရုံး (Superior Court) ရဲ့ တရားသူကြီးအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ တရားသူကြီးအဖြစ် ခန့်အပ်ခံရပြီး နောက်ပိုင်း ချီးမွမ်းမှုတွေရော ဝေဖန်မှုတွေပါ ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။   အွန်လိုင်းစာမျက်နှာတွေမှာလည်း သူ့ကို ဂျီဟတ်တရားသူကြီး (‘Jihadist judge’) ရှရီယာတရားသူကြီး (‘Sharia judge’) လို့ လှောင်ပြောင် ကင်ပွန်းတပ် ဝေဖန်သူတွေ အမြောက်အများရှိခဲ့ကြောင်း Los Angeles သတင်းစာက ဖော်ပြခဲ့ပါတယ်။ သို့ပေမဲ့လည်း Halim Dhanidina ကတော့ သူ့ဒေသမှာ ဖြောင့်မတ်မှန်ကန်သူအဖြစ် လူသိများသူ တစ်ဦးဖြစ်ပါတယ်။  

Education-01

အမေရိကန် တက္ကသိုလ်များတွင် နိုင်ငံခြားသား ပညာသင်ဦးရေ တိုးတက်များပြားလာ

အမေရိကန်နိုင်ငံ (United States) ၏ တက္ကသိုလ်ကျောင်းများ၌ နိုင်ငံခြားသား ပညာသင်ဦးရေမှာ ယခုနှစ်များအတွင်း သိသိသာသာ တိုးတက်လာကြောင်း သိရှိရသည်။ ထိုသို့ တိုးတက်လာမြင့်မားလာရခြင်းမှာ တရုတ်နိုင်ငံ (China) မှ ပညာသင် အမြောက်အမြား လာရောက်ကြခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ (Middle East) ရှိ ချမ်းသာကြွယ်ဝသောနိုင်ငံများရှိ အစိုးရများ၏ ပညာသင်ထောက်ပံ့ရေး အစီအစဉ်များကြောင့် ဖြစ်ကြောင်း The Wall Street Journal တွင် သုံးသပ်ဖော်ပြထားသည်။   နိုင်ငံခြားသား စာသင်သားအများစုမှာ တက္ကသိုလ်အဆင့် ဘွဲ့ရသင်တန်းများသို့ လာရောက် တက်ရောက်ကြသူများဖြစ်သည်။ အမေရိကန်အစိုးရ၏ စစ်တမ်းနှင့် သတင်းထုတ်ပြန်ချက်အရ နိုင်ငံခြားသား စာသင်သား ဦးရေမှာ (၁.၁၃) သန်းခန့် ရှိသည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ ယမန်နှစ်ကထက် (၁၄) ရာခိုင်နှုန်း

Justin Trudeau

ကနေဒါ လက်ရှိအစိုးရ မွတ်စလင်တွေ ဆက်ဆံပုံကို လစ်ဘရယ်ပါတီခေါင်းဆောင် ဝေဖန်

ကနေဒါနိုင်ငံ (Canada) ရဲ့ နိုင်ငံရေး ပါတီကြီးတစ်ခုဖြစ်တဲ့ လစ်ဘရယ်ပါတီ (Liberal Party) ခေါင်းဆောင် Justin Trudeau က ကနေဒါ အစိုးရဟာ ကနေဒါ-မွတ်စလင်တွေကို ဒုတိယကမ္ဘာစစ် မတိုင်ခင်ကာလအတွင်း ဂျူးတွေကို ဆက်ဆံသလို ဆက်ဆံနေတယ်လို့ ပြင်းထန်စွာ ပြောကြားဝေဖန်လိုက်ပါတယ်။   အတိုက်အခံ ပါတီခေါင်းဆောင် Justin Trudeau ဟာ McGill University ရဲ့ ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲ မိန့်ခွန်းမှာ ယခုလို လက်ရှိအစိုးရကို ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်အတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ကနေဒါ ဝန်ကြီးချုပ် Stephen Harper ရဲ့ နေရာကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကွန်ဆာဗေးတစ်ပါတီ (Conservative Party) ရဲ့