Category Archives: ဥရောပ

german-refugee-education

စစ်ဘေးဒုက္ခသည် ကလေးငယ်များအား ဂျာမန်စာပေ သင်ကြားပေးရန် ဆရာ/ဆရာမ (၈,၅၀၀) အလုပ်ခန့်

စစ်ဘေးရှောင် ကလေးငယ်များအား ဂျာမန် (German) စာပေ သင်ကြားပေးနိုင်ရန် အလို့ငှါ ဂျာမနီနိုင်ငံ (Germany) မှ ကျောင်းဆရာ/ဆရာမ (၈,၅၀၀) အား အလုပ်အကိုင် ပေးအပ်ခဲ့ကြောင်း ဗြိတိန် (Britain) အခြေစိုက် The Guardian သတင်းဌာနတွင် ဖော်ပြထားသည်။ ဂျာမနီနိုင်ငံမှာ ဥရောပနိုင်ငံများအနက် တူရကီနိုင်ငံ (Turkey) ကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည် အများအပြားအား လက်ခံထားသော နိုင်ငံဖြစ်သည်။   လာမည့်နှစ်အတွင်း စစ်ဘေးရှောင် ဦးရေမှာ (၁) သန်းအထိ မြင့်တတ်လာဖွယ် ရှိကြောင်း ခန့်မှန်းထားပြီး ဤနှုန်းထားမှာ (၂၀၁၄) ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၅) ဆထိ မြင့်တက်လာခြင်း ဖြစ်သည်။ လက်ရှိနိုင်ငံအတွင်း စာသင်သားအရွယ် စစ်ဘေးရှောင် ဒုက္ခသည် ကလေးငယ် (၁၉၆,၀၀၀)

barca_refugee_help

ဆီးရီးယား ဒုက္ခသည်များအား အကူအညီပေးရေး လီယိုနယ်မက်ဆီ ပါဝင်ဦးဆောင်

ဥရောပ (Europe) သို့ ရောက်ရှိလာသော စစ်ဘေးရှောင် ဆီးရီးယား (Syria)  ဒုက္ခသည်များအား ကူညီကယ်ဆယ်ရေး ကမ္ဘာကျော် စပိန် (Spain) ဘောလုံးကလပ် ဘာစီလိုနာ (Barcelona) အသင်းမှ စတင်လုပ်ဆောင်နေကြောင်း သိရှိရသည်။ ဒုက္ခသည်အရေးအား အလွန်အမင်း စိတ်ပူပန်ကြောင်း ဘောလုံးအသင်း ဝဘ်ဆိုဒ်တွင် ရေးသား ဖော်ပြထားသည်။     ကမ္ဘာကျော် ဘောလုံးသမား လီယိုနယ်မက်ဆီ (Lionel Messi) အပါအဝင် ဘာစီလိုနာအသင်းမှ အထင်ကရ ဘောလုံးသမားများနှင့် နည်းပြကိုယ်တိုင် ယခု အရေးအား ဦးဆောင်နေခြင်း ဖြစ်သည်။ ဘာစီလိုနာကလပ်အသင်းမှ နိုင်ငံတကာရှိ ဘောလုံးပရိသတ်များအား ဒုက္ခသည်များအား လိုအပ်သော အကူအညီများ ပေးနိုင်ရန်အတွက် အလှူငွေများ ထည့်ဝင်ကြရန်အတွက် ဖိတ်ခေါ်သတင်း ထုတ်ပြန်ထားသည်။   စပိန်နိုင်ငံ၏ အကြီးဆုံး

Mo Farah

ဗြိတိသျှ-မွတ်စလင် ပြေးခုန်ပစ် ချန်ပီယံ မိုဖာရာ (၃) နှစ်ဆက်တိုက် ဗိုလ်စွဲကာ စံချိန်သစ်တင် မှတ်တမ်းဝင်

ဗြိတိန် (Britain) နိုင်ငံသား ပြေးခုန်ပစ် ချန်ပီယံ မိုဖာရာ (Mo Farah) ဟာ တရုတ်နိုင်ငံ (China) ဘေဂျင်းမြို့ (Beijing) မှာ ကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံပြိုင်ပွဲမှာ မီတာ (၅,၀၀၀) နဲ့မီတာ (၁၀,၀၀၀) ပြိုင်ပွဲ (၂) ပွဲလုံးမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ယခုနှစ် အောင်မြင်မှုကြောင့် မီတာ (၅,၀၀၀)၊ မီတာ (၁၀,၀၀၀) ပြိုင်ပွဲ (၂) ပွဲလုံးကို (၃) နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အားကစားသမားအဖြစ် စံချိန်သစ်တင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။   ဆိုမာလီယာ (Somalia) နိုင်ငံဖွား ဗြိတိသျှ-မွတ်စလင်တစ်ဦး ဖြစ်တဲ့ မိုဖာရာရဲ့ နိုင်ငံ့ဂုဏ်ဆောင် စံချိန်သစ်တင် အောင်မြင်မှုအတွက် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း

Turkey-Bridge-Yavuz-Sultan-Selim-01

တူရကီမှာ တည်ဆောက်နေတဲ့ အာရှ-ဥရောပ ဆက်သွယ်မည့် ကမ္ဘာ့အကျယ်ဆုံး ကြိုးတံတားကြီး

  ကမ္ဘာပေါ်မှာ အကျယ်ဆုံးဖြစ်တဲ့ ကြိုးတံတားအသစ်တစင်းကို တူရကီနိုင်ငံ (Turkey) Bosphorus ရေလက်ကြားမှာ တည်ဆောက်နေပါတယ်။ အဲဒီတံတားဟာ ဥရောပ (Europe) နဲ့ အာရှ (Asia) အကြား နောက်ထပ် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။   မြို့တော် အစ္စတန်ဘူလ် (Istanbul) က Yavuz Sultan Selim တံတားကို ထောင်ပေါင်းများစွာသော အလုပ်သမားတွေနဲ့ အင်ဂျင်နီယာတွေ (၂၄) နာရီပတ်လည် တည်ဆောက်နေကြခြင်း ဖြစ်ပါတယ်။   တံတားဟာ မီတာ (၆၀) နီးပါးကျယ်ပြီး ကားလမ်း (၈) လမ်းနဲ့ ရထားလမ်း (၂) လမ်း ပါဝင်ပါတယ်။ အရှည် (၂) ကီလိုမီတာကျော်ရှိပြီး ရေမျက်နှာပြင်အထက်

British-parliament-01

ဗြိတိန်၌ မွတ်စလင် လွှတ်တော်အမတ် (၁၃) ဦး ရှိပြီး (၈) ဦးမှာ အမျိုးသမီးများ ဖြစ်ကြ

  မကြာသေးမီက ဗြိတိန်နိုင်ငံ (Britain) ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားခဲ့ရာ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲများလည်း ပါဝင်ခဲ့ပြီး မွတ်စလင် လွှတ်တော်အမတ် (၁၃) ဦး ရွေးကောက်တင်မြှောက် ခံရကြောင်း သိရှိရသည်။   မွတ်စလင် လွှတ်တော်အမတ် (၁၃) ဦးအနက် (၇) ဦးမှာ ပြန်လည် ရွေးကောက်တင်မြှောက် ခံရခြင်းဖြစ်ပြီး (၆) ဦးမှာ အမတ်အသစ်များ ဖြစ်ကြသည်။   Glasgow Central မဲဆန္ဒနယ်၌ ရွေးကောက်ယှဉ်ပြိုင်ရာတွင် စတော့တလန် အမျိုးသားပါတီ Scottish National Party (SNP) လွှတ်တော်အမတ်လောင်းက လေဘာပါတီ (Labour) မှ လွှတ်တော်အမတ် Anas Sarwar ကို အနိုင်ရရှိသွားသဖြင့် တစ်ဦးလျော့သွားခြင်း ဖြစ်သည်။   ထူးခြားသည်မှာ