Category Archives: မွတ်စလင်သတင်း

ArakanConflict02

(၁၉၈၂) ခုနှစ် နိုင်ငံသားဥပဒေ အစိုးရ စိစစ်ဆောင်ရွက်နေမှု ရခိုင်များ စောဒကတက်

    ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ အစိုးရက စိစစ်ဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး အားနည်းချက်၊ အားသာချက် ဆွေးနွေးပွဲတစ်ခုကို ရခိုင်တွေက စစ်တွေမြို့မှာ နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း RFA သတင်းဖော်ပြချက်အရ သိရှိရပါတယ်။   ရခိုင်ပါတီ နှစ်ခု ပူးပေါင်းဖွဲ့စည်းထားတဲ့ ပါတီသစ်ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP က ဦးဆောင်ကျင်းပခဲ့တာဖြစ်ပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ဇောဦးက “မြေပုံမှာဆိုလည်း နိုင်ငံသားနဲ့  ပြုနိုင်ငံသားပေးတဲ့ အရေအတွက်ဟာ ပေးသင့်တာထက် ပိုများနေတယ်လို့ ရခိုင်တွေက ယူဆတာပေါ့နော်။ တခြားမြို့နယ်တွေမှာ လုပ်လာတဲ့အခါမှာ စိစစ်ရေးကော်မတီမှာ ပါလာတဲ့ ရခိုင်ကိုယ်စားလှယ်တွေ၊ ပြီးရင် တခြားစောင့်ကြည့်သူတွေ၊ ပါတီတွေအနေနဲ့ ယိုပေါက်က ဘာရှိတယ်၊ တကယ်တမ်း ကိုင်ထားရမယ့် နေရာတွေက မကိုင်ထားပဲ လျော့ပေးလိုက်သလား

Rohingya 2014 - Cover

ဓာတ်ပုံမှတ်တမ်း – “ရိုဟင်ဂျာ” အမည်နာမကို အပြီးတိုင် ပယ်ဖျက်ရန် အစိုးရမှ ကြိုးပမ်းနေ

မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ခံထားရသည့် မွတ်စလင်လူနည်းစုတို့၏ ဒုက္ခသည်စခန်းများကို မြန်မာအစိုးရအာဏာပိုင်များက တားဆီးပိတ်ဆို့မှုများ ပြုလုပ်ထားသည့်အပြင် လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများကလည်း လူဦးရေစစ်တမ်း ကောက်ယူရာတွင် “ရိုဟင်ဂျာ”ဟူသော အမည်နာမအား ထည့်သွင်းပေးခြင်း မရှိကြောင်း၊ ယင်းလုပ်ရပ်မှာ အစိုးရ၏ “ရိုဟင်ဂျာ” အမည်နာမအား အပြီးတိုင် ဖြောက်ဖျက်ရန် ကြိုးပမ်းသည့် နောက်ဆုံးအဆင့် ဖြစ်ဖွယ်ရှိသည်ဟု ဒေသခံများနှင့် တက်ကြွလှုပ်ရှားသူတို့က မှတ်ချက်ပြုကြသည်။   ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူမျိုးများ၏ သမိုင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအား ဆယ်စုနှစ် တစ်ခုခန့်မျှ ကြည့်ရှုမှတ်တမ်းတင်နေသော “Arakan Project” ခေါင်းဆောင် Chris Lewa မှ ဇွန်လမှ စက်တင်ဘာလအတွင်း ရွာပေါင်း (၃၀) ခန့်မှ ရိုဟင်ဂျာများအား မတရားသဖြင့် စွပ်စွဲအရေးယူမှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ

Rohingya-Persecution-01

(၃) ရက်အတွင်း လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် (၁၀၀) ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီး

    ဘင်္ဂလား-မြန်မာနယ်စပ် UNHCR ရဲ့ အစောင့်အရှောက်ခံတွေပါဝင်တဲ့ ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် (၇၀) ကျော်ကို ထိုင်းနိုင်ငံ ဖန်ငခရိုင် တကွာပါမြို့နယ်က ရာဘာခြံတွေနဲ့ ရာဘာခြံတွေကနေ ထိုင်းနိုင်ငံ အတွင်းပိုင်းကိုဝင်တဲ့ ကားတွေပေါ်ကနေ အောက်တိုဘာ (၁၃) ရက်နေ့က ဖမ်းဆီးရခဲ့ကြောင်း၊ (၃) ရက်အတွင်း လှေစီးပြေးဒုက္ခသည် (၁၀၀) ကျော်ကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း VOA မြန်မာပိုင်း သတင်းဌာနက ဖော်ပြထားပါတယ်။   “မနေ့က တနေ့က ဖမ်းမိတဲ့နေရာကပဲ (၇၂) ယောက် ထပ်ဖမ်းမိတာပေါ့။ အများစုကတော့ UNHCR က လာကြတဲ့- UNHCR ကဒ်တွေပေါ့။ ဒါပေမယ့် တချို့တွေကတော့ UNHCR ကနေ ပြေးသွားပြီး (၄-၅-၆)-နှစ် ရှိသွားတဲ့ လူတွေလည်း ရှိတာပေါ့။

ပေါက်တော ဒုက္ခသည်စခန်း တစ်နေရာ

တရားဝင်နိုင်ငံသား ဖြစ်ပြီးသူ မွတ်စလင် (၂၀၉) ဦးကို ရခိုင်အစွန်းရောက်များက မြေပုံမြို့တွင်းသို့ ပေးမဝင်

    ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံသားကဒ်နဲ့ အစိမ်းရောင် “ပြုနိုင်ငံသားကဒ်” ရရှိထားသူ (၂၀၉) ဦးကို နိုင်ငံသားဖြစ်ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချထားဖို့  အောက်တိုဘာလ (၂) ရက်က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြေပုံမြို့ခံ ရခိုင်အစွန်းရောက်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရှိရပါတယ်။   တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက “နိုင်ငံသားဖြစ်ခွင့် အထောက်အထား မပြည့်စုံသူတွေကို တောင်ပေါ်ဒုက္ခသည်စခန်းမှာပဲ သီးခြားဒုက္ခသည်အဆောင်နဲ့ ဆက်ထားဖို့ မြို့ခံတွေက တင်ပြခဲ့တယ်”လို့ ဆိုပါတယ်။   တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်စလင် (၁,၀၀၀) ကျော်ထဲက (၂၀၉) ဦးကို (၁၉၈၂) ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့က နိုင်ငံသားနဲ့ ပြုနိုင်ငံသားကဒ်တွေ ပေးအပ်ခဲ့ပြီး

"၉၆၉" အစ္စလာမ်ဆန့်ကျင်ရေးဂိုဏ်း အမှတ်တံဆိပ်

ပခုက္ကူ၊ မြစ်ခြေ၌ အကြမ်းဖက်မှု အစိုးရသတင်း ထုတ်ပြန်ပုံ

  ပခုက္ကူမြို့နယ် မြစ်ခြေ ကျေးရွာ၌ စက်တင်ဘာလ (၂၀) ရက် ညပိုင်းတွင် အမျိုးသမီးနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ပတ်ဝန်းကျင်ရှိ လူအုပ်စုများပါ ပါဝင်လာပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းအတွင်းရှိ ပစ္စည်းအချို့ ဖျက်ဆီးမှုများဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်းသိရှိရသည်။   စက်တင်ဘာ (၂၀) ရက် ည (၇) နာရီ မိနစ် (၂၀) ခန့်တွင် မြစ်ခြေ ကျေးရွာ၌ အကြွေးတောင်းရာမှ အမျိုးသမီး နှစ်ဦး အပြန်အလှန် စကားများပြီး တစ်ဖက်မှ လင်ယောင်္ကျားဖြစ်သူကပါ ဝင်ရောက်ရိုက်နှက်ခဲ့၍ အမျိုးသမီး တစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ည (၈) နာရီခန့်တွင် မြစ်ခြေ တိုက်နယ်ဆေးရုံသို့ သွားရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။