Category Archives: ပြည်တွင်းသတင်း
ရိုဟင်ဂျာအရေး ကမ္ဘာ့ကုလသမဂ္ဂတွင် ဆွေးနွေးရန် မွတ်စလင်နိုင်ငံများ တောင်းဆို
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မွတ်စလင်နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာလူမျိုး အရေးကိစ္စတွေကို ကမ္ဘာ့ကုလသမဂ္ဂ (United Nations) ရဲ့ အထွေထွေညီလာခံ (General Assembly) မှာ တင်ပြဆွေးနွေးမှာဖြစ်ကြောင်း ကူဝိတ်သတင်းအေဂျင်စီ (Kuwait News Agency) သတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။ အီဂျစ်နိုင်ငံ (Egypt) ရဲ့ ကမ္ဘ္ဘာ့ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် Mootaz Ahmadein Khalil က မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ တင်ပြဆွေးနွေးဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) နဲ့ အထွေထွေညီလာခံ ဥက္ကဌ Vuk Jeremic တို့ထံ ပေးပို့တဲ့ စာလွှာမှာ ရေးသားဖော်ပြလိုက်ပါတယ်။ မွတ်စလင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေအပေါ်
ရခိုင်ရှိ မွတ်စလင်များအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် HRW အဖွဲ့မှ မြန်မာအစိုးရကို တောင်းဆို
ရခိုင်ပြည်နယ် မြောက်ပိုင်းကို ဝင်ရောက်နိုင်တဲ့ မဟာစင် (Mahasen) ဆိုင်ကလုန်းမုန်တိုင်း ကာကွယ်ရေး အစီအစဉ်အဖြစ် ရခိုင်ပြည်နယ်က မွတ်စလင် ဒုက္ခသည်တွေကို ပိုမိုလုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းပေးဖို့ အမေရိကန်အခြေစိုက်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) က ပြောဆိုခဲ့ကြောင်း ဗွီအိုအေ (Voice Of America) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မြန်မာအာဏာပိုင် တွေကတော့ မွတ်စလင်ဒုက္ခသည် တွေကို စတင်ရွှေ့ပြောင်းပေး နေကြောင်း ပြီးခဲ့တဲ့ မတ်လ (၁၂)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လက စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာနဲ့ ကမန် မူဆလင် ခန့်မှန်းချေ (၁၄၀၀၀၀) လောက်ရဲ့ တ၀က်ဟာ ရေလွှမ်းမိုးတတ်တဲ့ လယ်ကွင်းတွေနဲ့
ဝေလအော်ပရာ ဗုဒ္ဓဝင်ပြဇာတ်အတွင်း ပါဠိဘာသာစကားဖြင့် ကပြတင်ဆက်မည်
ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူ ဗြိတိသျှလူမျိုး အော်ပရာပြဇာတ် ဇာတ်ညွှန်းဆရာ Richard Wagner က သူ့ရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ဗုဒ္ဓဝင်ပြဇာတ်ကို ကပြဖို့ စိတ်အားထက်သန်ခဲ့ပေမဲ့ သူဟာ (၂၀၁၂) ခုနှစ်က ကွယ်လွန်သွားခဲ့ပြီး သူရဲ့ စိတ်ကူးတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ယခုအခါမှာတော့ Richard Wagner ရဲ့ စိတ်ကူးကို အကောင်အထည်ဖော်ပေးမဲ့ “Wagner Dream” လို့ အမည်ပေး ထားတဲ့ ဗုဒ္ဓဝင်ပြဇာတ်ကို ဇာတ်ညွှန်းဆရာ Jonathan Harvey က ပြီးဆုံးအောင်ရေးသားခဲ့ပြီး ဝေလအော်ပရာ (Welsh National Opera) က ကပြတင်ဆက်မှာဖြစ်ပါတယ်။ ဒီလိုတင်ဆက်ရာမှာ ပြဇာတ်အတွင်း ဗုဒ္ဓရဲ့ စကားပြော ခန်းတွေကို မူရင်းဘာသာဖြစ်တဲ့ ရှေးဟောင်း အိန္ဒိယဘာသာစကား ပါဠိ
VOA Burmese – ၀ပြည်ထူထောင်ခွင့်ရရေး UWSA တောင်းဆို
လက်နက်ကိုင်အင်အား ၃ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေထဲက အင်အား အတောင့်တင်းဆုံး အဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ UWSA (United Wa State Army) က အနာဂတ်မှာ သီးခြားပြည်နယ်တစ်ခု ရရှိရေး အာမခံပေးဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို တောင်းဆိုလိုက်ကြောင်း ဗွီအိုအေ (Voice of America) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဦးသိန်းဇော် ခေါင်းဆောင်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေး တာဝန်ရှိသူတွေနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဒုဥက္ကဌ လျှောက်မီလျံ နဲ့ ပေါက်ယိုယီ တို့ ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ၀အဖွဲ့ အခြေစိုက်ရာ ပန်ဆန်းမြို့မှာ တွေ့ဆုံချိန် ဝတိုင်းရင်းသားတွေရဲ့ အနာဂတ် ရပ်တည်ရေးကိစ္စတွေအတွက် အဓိကအာရုံစိုက်
ကနေဒါနိုင်ငံတွင် ရိုဟင်ဂျာဘာသာကို ဘာသာစကားတစ်မျိုးအဖြစ် စတင်သင်ကြားပို့ချ
ကနေဒါနိုင်ငံ (Canada) က ကျောင်းတစ်ကျောင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရိုဟင်ဂျာဘာသာကို စတင်သင်ကြားပေးနေပြီ ဖြစ်ပြီး သင်တန်းဖွင့်လှစ်တဲ့ အခမ်းအနားကို ကနေဒါနိုင်ငံ Ontario ပြည်နယ် Kitchener မြို့ St. David Catholic ကျောင်းမှာ မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း RFA (Radio Free Asia) သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဘာသာစကားကို ဘာသာရပ်တစ်ရပ် အနေနဲ့ စတင်သင်ကြားပေးတဲ့ ဒီကျောင်းမှာ မူလက ရုရှား၊ ဂျပန်၊ ပြင်သစ်စတဲ့ နိုင်ငံခြား ဘာသာစကား၁၆မျိုး သင်ကြားပေးလျက်ရှိရာက အခုရိုဟင်ဂျာဘာသာ စကားတစ်မျိုး ထပ်တိုးလာတာကြောင့် ဘာသာ (၁၇) မျိုးထိရှိသွားပြီဖြစ်တယ်လို့ အဲ့ဒီမြို့မှာနေထိုင်တဲ့ ကိုအာဏ္ဏဝါက RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “အဲဒါက



