အာဇာနည်နေ့ ဒို့မမေ့ (ဇူလိုင် ၁၉၊ ၂၀၁၃ ခုနှစ် ရုပ်/သံ စုစည်းမှု)

martyr-day

ယနေ့ဇူလိုင်လ (၁၉)ရက်၊ (၂၀၁၃)ခုနှစ်တွင် ကျရောက်သော မြန်မာနိုင်ငံ၏ (၆၆)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတဝှမ်း အာဇာနည်နေ့နှင့် စပ်လျဉ်း၍ လှုပ်ရှားဆောင်ရွက်ကြသည့် မြင်ကွင်း အသွင်သွင်ကို သတင်းဌာနများမှ ရုပ်/သံမှတ်တမ်းများ ရိုက်ကူးတင်ဆက်ခဲ့သည်။ ထိုရုပ်/သံ မှတ်တမ်း၊ မှတ်ရာများအား စာဖတ်ပရိသတ် ကြည့်ရှုမှတ်ယူ ခံစားနိုင်ရန်အလို့ငှါ တဆင့်ပြန်လည်မျှဝေ ဖော်ပြလိုက်ရပါသည်။

 

 

DVB TV News မှ (၆၆)နှစ်မြောက် အာဇာနည်နေ့တွင် TV အစီအစဉ်မှ ဥဩဆွဲသံ ထုတ်လွှင့်မည်ဖြစ်ကြောင်း အချိန် (၁)မိနစ်ကျော်ခန့် ရှိသော ရုပ်/သံမှတ်တမ်း တစ်ခုအား ရိုက်ကူးတင်ပြခဲ့သည်။ ထိုရုပ်/သံအား ထပ်ဆင့် ဖော်ပြထားပါသည်။

 

[youtube 3LvZgNhx4_E]

 


RFA သတင်းဌာနမှ အာဇာနည်နေ့ သတင်းတိုအတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး မိန့်ခွင်းအသံကို ထည့်သွင်းတည်းဖြတ် တင်ဆက်ထားပြီး၊ မေယုသင်္ဘောအား လက်ခံရယူစဉ် ရိုက်ကူးထားသော ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ဗီဒီယို မှတ်တမ်းတိုကိုလည်း ထည့်သွင်း၍ တင်ဆက်ထားသည်။ ရုပ်/သံအား ထပ်ဆင့် ဖော်ပြထားသည်။

 

[youtube bjGSDfV35lw]

 


ကမာရွတ်မီဒီယာမှ ရန်ကုန်မြို့၊ ယနေ့ နံနက်ပိုင်း အချိန်အတွင်း အာဇာနည် ခေါင်းဆောင်ကြီးများအား ပြည်သူလူထုမှ ကားဟွန်းများတီးကာ အလေးပြုခဲ့ကြပုံကို တင်ဆက်ထားသည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့သည့် ဝန်ကြီးများရုံးအား အများပြည်သူ့သဘောမတူဘဲ လွှဲပြောင်းရောင်းချပါက ပြည်သူများအနေဖြင့် တုံ့ပြန်သွားမည်ဟုလည်း ဝန်ကြီးများရုံးသို့ အာဇာနည်နေ့ အလေးပြုရန် လာရောက်သော လူငယ်တို့၏ ပြောကြားချက်များအား ရိုက်ကူး တင်ဆက်ထားသည်။

 

[youtube WsRGECfAWMY]

 


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း အဖွဲ့ချုပ်ရုံးခန်း၌ အာဇာနည်နေ့ မိန့်ခွန်းပြောကြား ခဲ့သလို ရုံး၏အပြင်တွင်လည်း ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့သည်။ ရုပ်/သံ အား ပြန်လည် ဖော်ပြထားသည်။

 

[youtube aMKwXR3f4Ws]

 


DVB TV News မှ (၆၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အားဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီး (၉)ဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးဦးရာဇတ်၊ ဦးအုန်းမောင်၊ စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ နှင့် ရဲဘော်ကိုထွေးတို့၏ ကိုယ်ရေးအကျဉ်းအား ရုပ်/သံ သတင်းတိုအဖြစ် စုစည်းတင်ဆက်ထားသည်။

 

[youtube D4s9AiEoQ60]

 

ကိုးကား – DVB, RFA, ကမာရွတ်မီဒီယာ, NLD

Leave a Reply

Your email address will not be published.