အလ်ဂျာဇီယာက တင်ဆက်တဲ့ မြန်မာမွတ်စလင် များ အကြမ်းဖက် တိုက်ခိုက်ခံရမှု ရုပ်/သံသတင်းတို

aljazeera

ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ အလ်ဂျာဇီယာ (Al-Jazeera) က “Is ethnic unrest brewing in southeast Asia?” (အရှေ့တောင် အာရှဒေသမှာ လူမျိုးရေး မငြိမ်မသက်ဖြစ်မှုတွေ အစပျိုးနေပြီးလား။) ဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား တင်းမာမှုတွေကို တင်ပြသုံးသပ် ထားတဲ့ ရုပ်/သံ Documentary သတင်းတိုကို ထုတ်လွှင့်ခဲ့ပါတယ်။

 

ဒီရုပ်/သံ Documentary သတင်းတိုထဲမှာတော့ မြန်မာနိုင်ငံမှာဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ လုံခြုံရေးဝန်ထမ်းတွေက အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ မွတ်စလင်တွေကို အကာအကွယ် မပေးကြောင်း Human Rights Watch အစီရင်ခံစာမှာ ဖော်ပြထားကြောင်း၊ အကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးများ ဦးဆောင်ပါဝင်ကြောင်း၊ အင်ဒိုနီးရှား သမ္မတက သူ့ခရီးစဉ်အတွင်း အကြမ်းဖက်မှုတွေကို မထိန်းသိမ်းနိုင်ရင် အခြားဒေသတွေကို ကူးစက်လာမှာ စိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း တွင်ကျယ်စွာ ဖြစ်ပေါ်နေတဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စုစည်းတင်ပြ ဆွေးနွေးထားပါတယ်။

 

ဒါ့အပြင် သီရိလင်္ကာနိုင်ငံမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေ ဖွဲ့စည်းတည်ထောင်ထားတဲ့ Bodu Bala Sena (ဗုဒ္ဓစွမ်းအားတပ်ပေါင်းစု) အဖွဲ့ဟာ နိုင်ငံအတွင်း (၉) ရာခိုင်နှုန်းရှိတဲ့ မွတ်စလင်လူနည်းစုရဲ့ ဝတ်ကျောင်းတွေကို ဖျက်ဆီးခြင်း၊ စီးပွါးရေး လုပ်ငန်း/ဆိုင်ခန်းတွေကို လိုက်လံဖျက်ဆီးခြင်း အစရှိတဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကိုလည်း တင်ပြ ဆွေးနွေးထားပါတယ်။

 

အလ်ဂျာဇီယာ (Al-Jazeera) သတင်းဌာနဟာ ရခိုင်ပြည်နယ်အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာလည်း “Hidden Genocide” (ဖုန်းကွယ်ထားသော လူမျိုးတုန်းသုတ်သင်မှု) အမည်ရှိ ရုပ်/သံ Documentary တစ်ခု ထုတ်လွှင့်တင်ဆက်ခဲ့ပါတယ်။

 

အလ်ဂျာဇီယာ (Al-Jazeera) ရဲ့ “Is ethnic unrest brewing in southeast Asia?” ဆိုတဲ့ ရုပ်/သံကို တင်ဆက်ပေးလိုက်ပါတယ်။

 

[youtube uE-gwoJymDQ]

 

ကိုးကား – Al-Jazeera

 

One Response to အလ်ဂျာဇီယာက တင်ဆက်တဲ့ မြန်မာမွတ်စလင် များ အကြမ်းဖက် တိုက်ခိုက်ခံရမှု ရုပ်/သံသတင်းတို

  1. thukhoyan says:

    It getting dark inside

Leave a Reply

Your email address will not be published.