ဘယ်တော့မှ ဆေးမှင်ကြောင် မထိုးဟု စူပါစတား ရှားရွတ်ခန်း ပြောကြား

SRK1

 

ကမ္ဘာကျော် စူပါစတား ဘောလီဝုဒ် ရုပ်ရှင်မင်းသား ရှာရွတ်ခန်း (Shah Rukh Khan) က မည့်သည်အခါတွင်မှ ကိုယ်ခန္တာတွင် ဆေးမှင်ကြောင် (tattoo) မရေးထိုးဟု ပြောသည်။

 

 

အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ရှာရွတ်ခန်းက အိန္ဒိယသမိုင်းဝင် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော “အသောက” (Asoka) ကဲ့သို့ ရုပ်ရှင်ဇာတ်ကားအတွင်း သရုပ်ဆောင်ရာ၌ လိုအပ်ချက်အရ ခေတ္တခဏအတွက်သာ ကပ်ခွါမှင်ကြောင်အတု သုံးစွဲခဲ့ပြီး လက်တွေ့ဘဝတွင်မူ “ဆေးမှင်ကြောင်ထိုးခြင်း” အမှုကို မပြုရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ ဆံကေသာ အရောင်းဆိုးခြင်းနှင့် ပတ်သတ်၍လည်း ထိုသို့ပင် သဘောရှိကြောင်း ကမ္ဘာကျော် ရုပ်ရှင်မင်းသား ရှာရွတ်ခန်း ကဆိုသည်။

 

 

မျက်နှာအလှဆင်ရန် ခွဲစိတ်ကုသခြင်း (plastic surgery) အပါအဝင် ခန္တာကိုယ် အစိတ်အပိုင်းများအား အမြဲတမ်းအတွက် ပြုပြင်ပြောင်းလဲမှုပြုခြင်းကို မပြုလုပ်ဟု မင်းသား ရှားရွတ်ခန်းက ဆိုသည်။

 

ကိုးကား – TOI

 

One Response to ဘယ်တော့မှ ဆေးမှင်ကြောင် မထိုးဟု စူပါစတား ရှားရွတ်ခန်း ပြောကြား

  1. lovesmil.lovesmile@gmail.com says:

    hi

Leave a Reply

Your email address will not be published.