ဒေသတွင်း ပဋိပက္ခ အဆုံးသတ်ရေး အီရန်နှင့် တူရကီ လက်တွဲမည်

Turkey-Iran-cooperation

 

 

အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေး ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြဖို့ကို အီရန် (Iran) နဲ့ တူရကီ (Turkey) ခေါင်းဆောင်တွေက တောင်းဆိုလိုက်ကြကြောင်း VOA မြန်မာသတင်းမှာ ရေးသားဖော်ပြထားပါတယ်။

 

“အီရန်နဲ့ တူရကီ နိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေနဲ့ အချင်းချင်းကြား သတ်ဖြတ်နေတာတွေကို အဆုံးသတ်စေရေး လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်”လို့ တူရကီ ၀န်ကြီးချုပ် Ahmet Davutoglu က ပြောဆိုခဲ့ပါတယ်။ အီရန်မှာ ပြုလုပ်တဲ့ စနေနေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း တူရကီ ၀န်ကြီးချုပ်က “အခုလို လက်တွဲလုပ်ဆောင်မှုက ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးမှာ ထိရောက်ပြီး အကျိုးရှိစေမှာ ဖြစ်တယ်”လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

 

အီရန် ဒု-သမ္မတ Eshagh Jahangiri ကတော့ “အီရန်နဲ့ တူရကီ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းကိုင်တွယ်ရာမှာ သဘောထားကွဲပြားကြပေမဲ့ တည်ငြိမ်မှုကို ရှေ့ရှုပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုတော့ နှစ်ဘက်စလုံးက စိတ်ပိုင်းဖြတ်ထားတယ်”လို့ ပြောဆိုခဲ့ပါတယ်။

 

တူရကီနိုင်ငံကတော့ ဆီးရီးယား (Syria) သမ္မတ Bashar al Assad ကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေကြတဲ့ သူပုန်တွေကို အဓိက ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံဖြစ်ပြီး၊ အီရန်ကတော့ ရုရှားနိုင်ငံနဲ့အတူ အာဆတ် အစိုးရအဖွဲ့ကို ထောက်ခံနေတာဖြစ်ပါတယ်။

 

ကိုးကား – VOA Burmese

 

 

Leave a Reply

Your email address will not be published.