နိုင်ငံဂုဏ်ဆောင် အားကစားမယ် အီဂျစ်နိုင်ငံသူ ဖာသီမာအိုမာရ်

Fatima-Omar-Egypt

ဒူဘိုင်းမြို့ (Dubai) မှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲ (World Weightlifting Championship) မှာ အီဂျစ် (Egypt) နိုင်ငံသူ ဖာသီမာအိုမာရ် () ဦးဆောင်တဲ့ အဖွဲ့က ရွှေတံဆိပ် ရရှိသွားကြောင်း သိရှိရပါတယ်။ အိုမာရ်ဟာ (၆၁) ကီလိုတန်းမှာ စံချိန်တင် (၁၃၅) ဒဿမ (၅) မှတ်နဲ့ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့တာပါ။ ယခုနှစ်အတွက် နိုင်ငံတကာ အလေးမ ချန်ပီယံပြိုင်ပွဲကို အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ယူအေအီး (UAE) နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပနေတာ ဖြစ်ပါတယ်။

 

အသက် (၄၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ အီဂျစ် နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီး ဖာသီမာအိုမာရ်ဟာ (၁၉၉၇) ခုနှစ်ကတည်းက ပညာရေးကို ရပ်နားပြီး အားကစားအတွက် သူမရဲ့ အချိန်တွေကို ရင်းနှီးခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ အီဂျစ်နိုင်ငံအတွက် အလေးမ ရွှေတံဆိပ် ဆုပေါင်းများစွာကို နိုင်ငံတကာအဆင့် ပြိုင်ပွဲအထိ ယခင်နှစ်များမှာလည်း ရယူပေးဖူးခဲ့သူတစ်ဦး ဖြစ်ပါတယ်။

 

ဖာသီမာအိုမာရ်ဟာ ကိုယ်ခန္ဓာ မသန်စွမ်းသူတစ်ဦး ဖြစ်ပြီး “Paralympics” ပြိုင်ပွဲတွေမှာ နိုင်ငံအတွက် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာမှာ (၂၀၀၀) ပြည့်နှစ်နောက်ပိုင်း ဩစတြေးလျနိုင်ငံ (Australia)၊ တရုတ်နိုင်ငံ (China)၊ ဂရိနိုင်ငံ (Greece)၊ အင်္ဂလန်နိုင်ငံ (England) တွေမှာ ရွှေတံဆိပ်ဆုတွေ အမြောက်အများပိုင်ဆိုင် ဆွတ်ခူးခဲ့ပါတယ်။

 

မကြာသေးမီက ရရှိခဲ့တဲ့ ရွှေတံဆိပ်ဟာ သူ့မအတွက် ကမ္ဘာ့အဆင့်အထိ စံချိန်တင် ဆုရရှိသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ကိုးကား – Daily News Egypt

Leave a Reply

Your email address will not be published.