Squash ကြက်တောင်ရိုက် အားကစား ကမ္ဘာ့အဆင့် (၁) အီဂျစ်အမျိုးသမီး El Welily ဆွတ်ခူး

El Welily

အီဂျစ် (Egypt) နိုင်ငံသူ Raneem El Welily ဟာ ကမ္ဘာ့အဆင့် (၁) Squash ကြက်တောင်ရိုက် အားကစားမယ်ဖြစ်ကြောင်း Professional Squash Association အဖွဲ့က အဆင့်သတ်မှတ်ထုတ်ပြန် လိုက်ပါတယ်။ တင်းနစ်အားကစားနည်းနဲ့ ဆင်တူတဲ့ Squash အားကစားဟာ အနောက်ဥရောပ၊ မြောက်အာဖရိကနဲ့ အမေရိကတိုက်မှာ အလွန် ခေတ်စားတဲ့ အားကစားဖြစ်ပါတယ်။

 

ယခင်က ကမ္ဘာ့အဆင့် (၁) Squash အားကစားမယ်အဖြစ် မလေးရှားနိုင်ငံ (Malaysia) က Nicol Ann David က (၉) နှစ်ထိထိ နေရာယူထားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အီဂျစ် နိုင်ငံသူ El Welily က ပထမနေရာကို ရရှိခဲ့ပါတယ်။ ဒီအတွက် El Welily ဟာ ပထမဆုံး ကမ္ဘာ့အဆင့် (၁) အီဂျစ်အမျိုးသမီး Squash အားကစားမယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

အီဂျစ်နိုင်ငံဟာ ထူးချွန် Squash အားကစားသမား အမြောက်အများ ထွက်ရှိရာနိုင်ငံ ဖြစ်သလို ကမ္ဘာ့အဆင့် (၁) မှ (၁၀) အတွင်း နေရာအတော်များများကို ရယူထားနိုင်ခဲ့ကြောင်း Professional Squash Association အဖွဲ့က ဆိုပါတယ်။

 

ကမ္ဘာ့အဆင့် (၁) အမျိုးသား Squash အားကစားသမားနေရာကိုလည်း အီဂျစ်နိုင်ငံသား Mohamed Elshorbagy က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

 

ကိုးကား – ST

Leave a Reply

Your email address will not be published.