ဗြိတိသျှ-မွတ်စလင် ပြေးခုန်ပစ် ချန်ပီယံ မိုဖာရာ (၃) နှစ်ဆက်တိုက် ဗိုလ်စွဲကာ စံချိန်သစ်တင် မှတ်တမ်းဝင်

Mo Farah

ဗြိတိန် (Britain) နိုင်ငံသား ပြေးခုန်ပစ် ချန်ပီယံ မိုဖာရာ (Mo Farah) ဟာ တရုတ်နိုင်ငံ (China) ဘေဂျင်းမြို့ (Beijing) မှာ ကျင်းပနေတဲ့ ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံပြိုင်ပွဲမှာ မီတာ (၅,၀၀၀) နဲ့မီတာ (၁၀,၀၀၀) ပြိုင်ပွဲ (၂) ပွဲလုံးမှာ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ယခုနှစ် အောင်မြင်မှုကြောင့် မီတာ (၅,၀၀၀)၊ မီတာ (၁၀,၀၀၀) ပြိုင်ပွဲ (၂) ပွဲလုံးကို (၃) နှစ်ဆက်တိုက် ဗိုလ်စွဲနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အားကစားသမားအဖြစ် စံချိန်သစ်တင် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

 

ဆိုမာလီယာ (Somalia) နိုင်ငံဖွား ဗြိတိသျှ-မွတ်စလင်တစ်ဦး ဖြစ်တဲ့ မိုဖာရာရဲ့ နိုင်ငံ့ဂုဏ်ဆောင် စံချိန်သစ်တင် အောင်မြင်မှုအတွက် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (David Cameroon) က ပြိုင်ပွဲအပြီးမှာပဲ ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါတယ်။ မိုဖာရာကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ (၇) နှစ်လောက်က ယခုလို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်လာလိမ့်မယ်လို့ မထင်မိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

 

ဘေဂျင်းမြို့က ကမ္ဘာ့ပြေးခုန်ပစ် ချန်ပီယံပြိုင်ပွဲကို မိုဖာရာရဲ့ ဇနီးသည် ကိုယ်ဝန်ရှိတာကြောင့် ကိုယ်တိုင်လာရောက် အားမပေးနိုင်ခြင်း မရှိခဲ့သလို ပြိုင်ပွဲအစမှာ အလွန်ပဲ စိတ်လှုပ်ရှားမိကြောင်း မိုဖာရာက ဆိုပါတယ်။

 

နိုင်ငံကိုယ်စားပြုပြိုင်ပွဲတွေကြောင့် မိသားစုအတွက် လုံလောက်စွာ အချိန်မပေးနိုင်ခြင်းကို စိတ်မကောင်းဖြစ်မိတယ်လို့ မိုဖာရာက ဆိုပါတယ်။

 

ကိုးကား – Telegraph

Leave a Reply

Your email address will not be published.