ပါကစ္စတန် ခရစ်ကက် အကျော်အမော် Shahid Afridi အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာပါဝင်

Shahid Afridi

ပါကစ္စတန်နိုင်ငံ (Pakistan) က ခရစ်ကက် (Cricket) အားကစား အကျော်အမော် Shahid Afridi ဟာ အလှူအတန်း အရက်ရောဆုံး အားကစားသမားများ စာရင်းမှာ ပါဝင်ကြောင်း သိရှိရပါတယ်။ DoSomething လို့ အမည်ရတဲ့ လူမှုရေးကူညီမှုအဖွဲ့က ပြုလုပ်တဲ့ စစ်တမ်းမှာ Shahid Afridi ရဲ့ ဖောင်ဒေးရှင်းက ထိပ်တန်း အဖွဲ့အစည်း (၂၀) အတွင်း ပါဝင်ခဲ့ပါတယ်။

 

Shahid Afridi ရဲ့ ဖောင်ဒေးရှင်းဟာ ပါကစ္စတန်နိုင်ငံအတွင်း ဆေးရုံ၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ 

 

သူ့ရဲ့ ဖောင်ဒေးရှင်းကို စတင်ကတည်းက ပြည်တွင်းမှာ လိုအပ်တာတွေကို အဓိကထားဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုလည်း သူ့ရဲ့ ဖောင်ဒေးရှင်းက ကူညီဖေးမ ဆောင်ရွက်ပေးနေပါတယ်။

 

အလှူအတန်း အရက်ရောဆုံး အားကစားသမားစာရင်းရဲ့ ထိပ်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ် (Real Madrid) ဘောလုံးအကျော်အမော် ခရစ်တီယာနို ရော်နယ်ဒို (C. Ronaldo) က ရပ်တည်နေပြီး တင်းနစ် (Tennis) ထိပ်ခေါင် ဆီရီနာ ဝီလီလျံ  (Serena Williams)၊ ဘာစီလိုနာ (Barcelona) ဘောလုံးသမား နေမာ (Neymar Jr.) တို့ ပါဝင်ကြောင်း သိရှိရပါတယ်။

 

ကိုးကား – The Nation

Leave a Reply

Your email address will not be published.