စင်္ကာပူ အရှေ့တောင်အာရှရေးရာဆိုင်ရာ တက္ကသိုလ်အား ပထမဦးဆုံးသော သမ္မတ မလေး-မွတ်စလင်အမည် ပြောင်းလဲခေါ်ဆို

Yusof Ishak

စင်္ကာပူနိုင်ငံ (Singapore) တည်ထောင်ခြင်း နှစ် (၅၀) ပြည့် အထိမ်းအမှတ်အဖြစ် အရှေ့တောင်အာရှရေးရာဆိုင်ရာ တက္ကသိုလ် (Institute of Southeast Asian Studies) အား စင်္ကာပူနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မလေး-မွတ်စလင် (Malay-Muslim) ယူစွဖ် အစ်ဟာ့က် (Yusof Ishak) ကို ဂုဏ်ပြုသောအားဖြင့် ISEAS-Yusof Ishak Institute ဟု ပြောင်းလဲခေါ်တွင်လိုက်ကြောင်း သိရှိရသည်။

 

စင်္ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်း (Lee Hsien Loong) ၏ ယမန်နှစ် အမျိုးသားနေ့မိန့်ခွန်းတွင် ယခုကဲ့သို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်မည်ဖြစ်ကြောင်း ပြောဆိုပြီးနောက် ယခုနှစ်တွင် တရားဝင် ပြောင်းလဲခေါ်ဆိုလိုက်ခြင်းဖြစ်သည်။

 

သမ္မတဟောင်း ယူစွဖ်အစ်ဟာ့က်မှာ တရားမျှတမှု၊ တန်းတူညီတူအခွင့်အရေးနှင့် မတူကွဲပြားသူများ စုစည်းညီညွတ်ကာ တည်ငြိမ်အေးချမ်းသော လူ့ဘောင်အား တည်ဆောက်ရန် ရည်ရွယ်ထားရှိ ဆောင်ရွက်လာသူ ဖြစ်သည့်အလျောက် နောင်မျိုးဆက်သစ်များ အနေဖြင့် အမှတ်ရ အတုယူနိုင်ရန် ယခုကဲ့သို့ ပြုလုပ်ရခြင်းဖြစ်သည်ဟု စင်္ကာပူ ပညာရေးဝန်ကြီး မစ္စတာ Heng Swee Keat က ဆိုသည်။

 

ထို့ပြင် စင်္ကင်္ာပူနိုင်ငံ Woodlands ဒေသရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီဝတ်ကျောင်းတော်အားလည်း သမ္မတဟောင်း ယူစွဖ်အစ်ဟာ့က်၏ အမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်ထားသည်။

 

ကိုးကား – CNA

Leave a Reply

Your email address will not be published.