UNESCO မှ အရှေ့အလယ်ပိုင်းရှိ နေရာဒေသအချို့အား ရှေးဟောင်းအမွေအနှစ်များစာရင်း ထည့်သွင်း

Ephesus

ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သော UNESCO မှ အရှေ့အလယ်ပိုင်း (Middle-East) ရှိ နေရာဒေသအချို့အား ရှေးဟောင်းအမွေအနှစ်များစာရင်းတွင် ထည့်သွင်း ကြေညာခဲ့ကြောင်း သိရှိရသည်။ ယခုထုတ်ပြန်သော စာရင်းအတွင်း ဂျော်ဒန် (Jordan)၊ အီရန် (Iran)၊ တူရကီ (Turkey) နှင့် ဆော်ဒီအာရေဗျ (Saudi Arabia) နိုင်ငံတို့ရှိ ရှေးဟောင်းဒေသများပါဝင်လာကြောင်း သိရှိရသည်။ Arabian Business သတင်းဌာနမှ စုစည်း တင်ပြထားခြင်း ဖြစ်သည်။

 

Baptism Site “Bethany Beyond the Jordan” (Al-Maghtas)

ဂျော်ဒန်မြစ်ကမ်းရှိ ပင်လယ်သေ (Dead Sea) ၏ မြောက်ဘက် (၉) ကီလိုမီတာခန့် အကွာတွင်ရှိသော သမိုင်းဝင်နေရာ ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တို့၏ တန်ဖိုးထားရာ ဒေသဖြစ်ပြီး ယေရှုခရစ်တော် (Jesus Christ) နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သည်ဟု ယူဆထားရာ ဖြစ်သည်။

 

 

Cultural Landscape of Maymand

မေမန်း (Maymand) ဒေသမှာ ရှေးဟောင်းရွာသားများ နေထိုင်ရာ အီရန်နိုင်ငံမှ ရွာဟောင်းဖြစ်သည်။ တောင်ထူထပ်ပြီး နေအိမ်အကာများရရှိရန် ကျောက်များအားထွင်း၍ ဆောက်လုပ်ထားသည်။

 

 

Diyarbakır Fortress and Hevsel Gardens Cultural Landscape

တူရကီနိုင်ငံရှိ ဒီရာဘာကီရ် (Diyarbakır) မြို့ရှိ အုတ်ရိုးများဖြင့် ဆောက်လုပ်ထားသော ခံတပ်သဖွယ် မြို့တံတိုင်းများကိုလည်း UNESCO မှ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည်။

 

 

Ephesus

ရှေးဟောင်း ဂရိ (Greek) မြို့ကြီး ဖြစ်ပြီး လက်ရှိ တူရကီနိုင်ငံတွင် ရှိသည်။ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဒေသဖြစ်သည်။ ရောမ (Roman) တို့ အခြေချနေထိုင်ခဲ့ဖူးသော မြို့ဟောင်းလည်း ဖြစ်ပြီး ဂရိနှင့် ရောမ ရှေးဟောင်းယဉ်ကျေးမှုများအား တွေ့ရှိနိုင်သော မြို့ဖြစ်သည်။

 

 

Rock Art in the Hail Region of Saudi Arabia

နှစ်ပေါင်း သောင်းကျော်ရှိပြီဟု ယူဆရသော ဆော်ဒီနိုင်ငံရှိ ကျောက်တောင် ဖြစ်သည်။ ကျောက်တောင်ပေါ်တွင် ရှေးဟောင်းလူမျိုးများ ရေးဆွဲထားသော လူနှင့် တိရိစ္ဆာန် ရုပ်များအား တွေ့ရှိရသည်။

 

 

Susa

အီရန်နိုင်ငံ အနောက်တောင်အရပ်တွင် ရှိသည်။ ဘီစီ (၅) ရာစုမှ အေဒီ (၁၃) ရာစုအထိ ရှေးဟောင်း လူမျိုးများနှင့် ပါရှန်း (Persian) လူမျိုးများ နေထိုင်ခဲ့သော ဒေသဖြစ်သည်။ ထိုဒေသရှိ နေထိုင်ခဲ့သူတို့၏ ယဉ်ကျေးမှုမှာ ပျောက်ကွယ်ခဲ့ပြီဟု ဆိုသည်။

 

 

ကိုးကား – Arabian Business

Leave a Reply

Your email address will not be published.