ကိုးကန့်-ဗမာ စစ်ပွဲကြောင့် တရုတ်ပြည်သို့ မြန်မာ ခြောက်သောင်းကျော် ရွှေ့ပြောင်းကူးဝင်

burmese army

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်ပြည် (China) နယ်စပ်အနီး ဗမာစစ်တပ်နှင့် ကိုးကန့် လက်နက်ကိုင်တပ်များ စစ်ပွဲ ဖြစ်ပွါးစဉ်မှ ယခုချိန်ထိ တရုတ်နိုင်ငံ၊ ယူနန် (Yunnan) ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၆၀,၀၀၀) ခန့် ရှိပြီဟု ယူနန်အစိုးရမှ ပြောကြားလိုက်ကြောင်း တရုတ်သတင်းဌာန Want China Times တွင် ရေးသားဖော်ပြထားသည်။

 

 

တရုတ်နိုင်ငံအနေဖြင့် မြန်မာဒုက္ခသည်များအား လိုအပ်သည် သောက်သုံးရေနှင့် အကူအညီများကို ပံ့ပိုးပေးအပ်ထားကြောင်း၊ ယူနန်ပြည်နယ် အတွင်းရေးမှူးဖြစ်သူ မစ္စတာ လီဂျီဟန်း (Li Jiheng) မှ ဆိုသည်။ တရုတ်နိုင်ငံအနေဖြင့် မိမိတို့ နယ်စပ်အား အထူးအစီအစဉ်များဖြင့် တင်းကြပ်ထားသော်လည်း နယ်စပ်ဂိတ်များအား ဖွင့်ပေးထားစဲဖြစ်သည်ဟု တရုတ်အာဏာရပါတီ၏ နှစ်ပတ်လည် အစည်းအဝေးအတွင်း သတင်းထောက်များအား ဖြေကြားခဲ့ခြင်းဖြစ်သည်။

 

မြန်မာဒုက္ခသည်များ ဝင်ရောက်လာသည့် ယူနန်ပြည်နယ်အတွင်း အစားအသောက်များမှာ ဖူလှုံမှုရှိပြီး ဈေးနှုန်းမှာလည်း အသင့်အတင့်သာ ဖြစ်သည်ဟု မစ္စတာ လီဂျီဟန်းမှ ရှင်းလင်း ပြောကြားခဲ့သည်။ မြန်မာအစိုးရမှ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုထားသော ကိုးကန့် လူမျိုးများနှင့် ဗမာစစ်တပ်အကြား ပစ်ခတ်မှုများအား ကိုးကန့်ဘက်မှ တရုတ်နိုင်ငံအား ပါဝင်ဖြေရှင်းဖို့ တောင်းဆိုခဲ့သော သတင်းများ ထွက်ပေါ်လာသော်လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးမှ ဤကိစ္စမှာ မြန်မာပြည်တွင်းရေးသာ ဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

 

ကိုးကန့်နှင့် ဗမာစစ်တပ်အကြား ဖြစ်ပွါးသော စစ်ပွဲမှာ တရုတ် ရင်းနှီးမြှုံ့မှုများကြောင့် ဖြစ်နိုင်ဖွယ်ရှိကြောင်း မလေးရှားအခြေစိုက် The Star သတင်းစာတွင် ဖော်ပြခဲ့သည်။ ယခင်ကလည်း ကချင်နှင့် ဗမာစစ်တပ်အကြား စစ်ပွဲများပြင်းထန်ချိန် တရုတ်နိုင်ငံအတွင်းသို့ မြန်မာနိုင်ငံသား အမြောက်အမြား ထွက်ပြေး တိမ်းရှောင်နေထိုင် နေကြရသည်။

 

ကိုးကား – Want China Times၊ The Star

Leave a Reply

Your email address will not be published.