About Us

မြန်မာမွတ်စလင်တို့၏အသံ (MMV) ဟူသည်
ထူးချွန်ထက်မြက် ငယ်ရွယ်နုပျိုသည့် တက်ကြွလူငယ်များ အားဖြင့် ရပ်တည်ထားသော မြန်မာပြည်တွင်းနှင့် နိုင်ငံတကာသတင်းများကို မြန်မာမွတ်စလင်တို့၏ အမြင်ရှုထောင့်မှ တင်ဆက်သွားမည့် နုပျိုသော၊ တီထွင်ဆန်းသစ်သော၊ တက်ကြွသော မီဒီယာဖြစ်၏။
မြန်မာမွတ်စလင်တို့၏အသံ (MMV) ဆိုသည်မှာ
ဂိုဏ်းဂဏစွဲ ဘာသာရေးအဖွဲ့များကို ကိုယ်စားမပြု။ ဘာသာရေး အဖွဲ့အစည်း မဟုတ်သလို သာသနာပြု လုပ်ငန်းလည်းမမည်။ သို့ဖြစ်၍ ဘာသာရေး အငြင်းပွားဖွယ်ရာ များကို တင်ဆက်သွားမည် မဟုတ်။
မြန်မာမွတ်စလင် တို့၏အသံ (MMV) ၏ ခံယူချက်
ကိုးကွယ်ဆည်းကပ်ရာ သာသနာဟူသမျှ
  • ခိုင်မာသောသီလ ဆောက်တည်ရန် သင်ကြား၏၊
  • ငြိမ်းချမ်းရေးတရား ဟောကြား၏၊
  • မေတ္တာကို ရှေ့ရှု၏။
မြန်မာပြည်တွင်း မှီတင်းနေထိုင်သော လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု၊ အတူယှဉ်တွဲ နေထိုင်မှု၊ အပြန်အလှန် ယုံကြည်နားလည်မှုရှိမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော စစ်မှန်သည့် ဒီမိုကရေ စီနိုင်ငံ တည်ဆောက်နိုင်မည်ဟု MMV ကယုံကြည်၏။
မြန်မာမွတ်စလင်တို့၏အသံ(MMV) ၏ ရည်ရွယ်ချက်
MMV ၏ အဓိက ရည်ရွယ်ချက်မှာ “ပညာရေး၊ ပညာပေး၊ အတွေးအမြင်ဖလှယ်ရေး” ဖြစ်၏။
စကြ၀ဋာကမ္ဘာလုံးဆိုင်ရာ ညီရင်းအစ်ကို၊ မောင်ရင်းနှမဖြစ်ခြင်းတည်းဟူသော ကမ္ဘာ့ရွာသဘော တရားအား လက်ကိုင်ပြုပြီး မြန်မာနိုင်ငံတော်ကြီးအား တဘက်တလမ်းမှ အလုပ်အကျွေးပြုသွားရန် ရည်သန်ပါသည်။
  • မြန်မာ့အကြောင်း သတင်းအမှန် ဖြန့်ဖြူးရန်
  • ကမ္ဘာ့အကြောင်းများ အသိပညာ ဗဟုသုတ ဖလှယ်ရန်
  • မြန်မာမွတ်စလင်သမိုင်း အစစ်အမှန် လေ့လာရန်
  • ကမ္ဘာ့မွတ်စလင်သမိုင်း ရှာဖွေလေ့လာ တင်ပြရန် တို့ သာမက
မြန်မာပြည်သူ၊ ပြည်သားအားလုံးကို မြန်မာနှင့်ကမ္ဘာ့အရေးများမှ မျက်ခြေပြတ်မသွားစေဘဲ အထွေထွေဗဟုသုတ တိုးပွားလာစေဖို့ရန်လည်း လုံ့လဥဿဟ စိုက်ထုတ် သွားမည်ဖြစ်ပါသည်။
မြန်မာမွတ်စလင်တို့၏ အသံ ကမ္ဘာအလီလီညံစေသ်ာဝ်
The MMV Team
19th Aug 2012