ရိုဟင်ဂျာအရေး ကူညီဖြေရှင်းပေးရန် ဘင်္ဂလားဒေ့ရှ်အား ထိုင်းဝန်ကြီးချုပ် တောင်းဆို
မေလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ (Thailand) ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝတ်ထရာ (Yingluck Shinawatra) သည် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ရေအရင်းအမြစ် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးပွဲ (Second Asia-Pacific Water Summit) ပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာစီနာ (Sheikh Hasina) နှင့် သီးသန့်တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲ၌ ထိုင်းဝန်ကြီးချုပ် ယင်လပ်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိက်ဟာစီနာနှင့် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာများအပြင် ရိုဟင်ဂျာလူမျိုးစု ပြသနာကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ မြန်မာစစ်အာဏာပိုင်များ၏ မတရား ဖိနှိပ်သတ်ဖြတ်မှုများကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ထွက်ပြေးတိမ်းရှောင် ရောက်ရှိလာသော ရိုဟင်ဂျာများအား မည်သည့်နိုင်ငံသားများဖြစ်ကြောင်း စစ်ဆေးအတည်ပြုရာ၌ ဘင်္ဂလားဒေ့ရှ်ဘက်မှ ပါဝင်ကူညီပေးပါရန် ထိုင်းဝန်ကြီးချုပ်က
လူဦးရေစာရင်း ကောက်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်မှုဖြင့် ဖမ်းထားသူ ၇ ဦးကို တရားစွဲတင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လွန်ခဲ့သည့် ဧပြီလအတွင်းက “ဆွဲ၊ တင်၊ စစ်” လူဦးရေ စာရင်း ကောက်ခံရာမှ ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီး ထိန်းသိမ်းထားသူ ၇ ဦးအား မေလ ၂၃ ရက်နေ့၌ စစ်တွေ ခရိုင်တရားရုံးတွင် တရားစွဲတင်လိုက်ပြီး ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်သူ တရားရုံးချုပ် ရှေ့နေ ဦးလှမျိုးမြင့် က မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။ အမှုမှာ ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် ဧပြီလ ၂၆ ရက်နေ့က စစ်တွေမြို့၊ သက္ကေပြင်ကျေးရွာ၌ လူဦးရေ စာရင်း ကောက်ယူနေစဉ် ရိုဟင်ဂျာ အမည်ခံလိုသူများနှင့် စာရင်းကောက် အဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာ စစ်ဘက်နှင့် အရပ်ဘက်မှ လူ
လူ့အခွင့်အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံက ချိုးဖောက်ခံရမှုတွေကို တင်ပြ
ပြင်သစ်နိုင်ငံ Nantes မြို့မှာ မေလ ၂၂ ရက်နေ့ကနေစတင်ပြီး ၄ ရက်ကြာပြုလုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေး ဆွေးနွေးပွဲကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိုယ်စားလှယ် ၃ ဦး တက်ရောက်နေကြပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စနစ်တကျရှိနေသေးတဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲကို နိုင်ငံပေါင်း ၈၀ ကျော်မှာရှိတဲ့ လူမျိုးပေါင်း ၁၀၀ ကျော်က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေ ထောင်နဲ့ချီပြီး တက်ရောက်နေကြတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးကော်မရှင်မင်းကြီး ဦး Lahpai Zau Goone အပါအ၀င် မြန်မာနိုင်ငံ အလုပ်သမား၊
Neo-Nazi denial in Myanmar — Part I
By Maung Zarni (Asia Times Online ‘Speaking Freely‘ feature) Myanmar has a newly registered Nazi party, the Rakhine National Development Party (RNDP), created ceremoniously in the wake of last year’s anti-Muslim ethnic cleansing in western Rakhine State. Naypyidaw has incubated the party, while opposition leader Aung San Suu
လန်ဒန်လူသတ်သမား နှစ်ဦးမှာ နိုင်ဂျီးရီးယားနွယ်ဖွား ဗြိတိသျှနိုင်ငံသားများဖြစ်
လန်ဒန်မြို့ (London) ဝူးလ်ဝစ်ခ်ျ (Woolwich) အရပ် လမ်းတစ်ခုပေါ်၌ စစ်သားတစ်ဦးအား လူမြင်ကွင်းတွင် ရက်စက်စွာ သတ်ဖြတ်ခဲ့ကြသော အစွန်းရောက်လူသတ်သမား (၂) ဦးသည် ဗြိတိန်နိုင်ငံ (Britain) အပေါ် တိုက်ခိုက်ခြင်းနှင့် အစ္စလာမ်သာသနာအပေါ် သစ္စာဖောက်ခြင်း ဖြစ်သည်ဟု ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (David Cameron) က ပြောဆိုလိုက်သည်။ “ဒါဟာ ဗြိတိန်နိုင်ငံကို တိုက်ခိုက်ခြင်းသက်သက်၊ ဗြိတိသျှ လူမှုဘဝကို တိုက်ခိုက်ခြင်းသက်သက် မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်အတွက် မြောက်များစွာ ပေးအပ်ပေးဆပ်ကြတဲ့ မွတ်စလင်လူမှုအသိုင်းအဝိုင်းနဲ့တကွ အစ္စလာမ်သာသနာကိုပါ သစ္စ္စာဖောက်လိုက်ခြင်း ဖြစ်ပါတယ်။ အလွန်တရာမှ ဆိုးရွားလှတဲ့ ဒီလုပ်ရပ်ကြီးဟာ အစ္စလာမ်သာသနာနဲ့ လားလားမှ မသက်ဆိုင်ပါဘူး”လို့ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။












